ကသာမြို့တွင် စစ်ကောင်စီ၏ညွှန်ကြားချက်လိုက်နာပြီး အခြေခံပညာ မွမ်းမံသင်တန်းတက်ရောက်နေသော ပညာရေးဝန်ထမ်းများအား ပြည်သူများက သံပုံးတီးမောင်းထုတ်

ကသာမြို့တွင် စစ်ကောင်စီ၏ညွှန်ကြားချက်လိုက်နာပြီး အခြေခံပညာ မွမ်းမံသင်တန်းတက်ရောက်နေသော ပညာရေးဝန်ထမ်းများအား ပြည်သူများက သံပုံးတီးမောင်းထုတ်

ကသာမြို့တွင် စစ်ကောင်စီ၏ညွှန်ကြားချက်ကိုလိုက်နာပြီး အခြေခံပညာ မွမ်းမံသင်တန်းတက်ရောက်နေသော ပညာရေးဝန်ထမ်းများအား ကသာမြို့နေပြည်သူများက သံပုံးတီးမောင်းထုတ်ခြင်းကို ယနေ့မတ်၂၃ရက်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

လက်ရှိအာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်သောအားဖြင့် ကသာမြို့ရှ်ိ CDMဝန်ထမ်းပေါင်းစုံတို့မှ အာဏာရှင်အားဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်နေသည့်အချိန်တွင် ယခုကဲ့သို့ ကသာပညာရေးဝန်ထမ်းအချို့က အနာဂတ်လူငယ်များကို လူမဆန်စွာသတ်ဖြတ်ညှင်းပမ်းနေတာကို သိမြင်နေပါရက်နှင့်စစကောင်စီ၏ ညွှန်ကြားချက်ကို လိုက်နာပြီးသင်တန်းတက်ရောက်နေခြင်းကိုရှုံ့ချပစ်တင်ကြောင်းနှင့် သင်တန်းတက်နေသည့်ပညာရေးရုံးဌာနက ဝန်ထမ်းများကို ကသာမြို့အတွင်း လူမူ့ရေးပစ်ဒဏ်ပေးခြင်း စာရွက်များကပ်ပြီး အသိပေးခြင်း၊ လူ့ပတ်ဝန်းကျင်တွင် သားစဥ်မြေးဆက် ခေါင်းမဖော်ရဲအောင် ဆက်လက် လုပ်ဆောင်သွားမည်ဟု ကသာမြို့နေပြည်သူများကဆိုသည်။

ကသာမြို့တွင် ဖေဖော်ဝါရီ ၇ရက်နေ့မှ မတ်၂၃ရက်နေ့အထိ ပြည်သူများက စစ်ကောင်စီအားအလိုမရှ်ိကြောင်းကို နည်းပေါင်းစုံဖြင့် ဆန္ဒထုတ်ဖော်နေဆဲဖြစသည်။

February 4, 2026
ကချင်ပြည်နယ်၊ ဖားကန့်ဒေသကျောက်စိမ်းတွင်းဒေသမှာ စစ်ရေးအခြေအနေ တင်းမာနေပေမဲ့ အတန်းတင်စာမေးပွဲ...
February 3, 2026
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်က စစ်ကော်မရှင်တပ်ရဲ့ စခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့ကနေ...
January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...