ကသာမြို့တွင် စစ်ကောင်စီ၏ညွှန်ကြားချက်ကိုလိုက်နာပြီး အခြေခံပညာ မွမ်းမံသင်တန်းတက်ရောက်နေသော ပညာရေးဝန်ထမ်းများအား ကသာမြို့နေပြည်သူများက သံပုံးတီးမောင်းထုတ်ခြင်းကို ယနေ့မတ်၂၃ရက်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။
လက်ရှိအာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်သောအားဖြင့် ကသာမြို့ရှ်ိ CDMဝန်ထမ်းပေါင်းစုံတို့မှ အာဏာရှင်အားဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်နေသည့်အချိန်တွင် ယခုကဲ့သို့ ကသာပညာရေးဝန်ထမ်းအချို့က အနာဂတ်လူငယ်များကို လူမဆန်စွာသတ်ဖြတ်ညှင်းပမ်းနေတာကို သိမြင်နေပါရက်နှင့်စစကောင်စီ၏ ညွှန်ကြားချက်ကို လိုက်နာပြီးသင်တန်းတက်ရောက်နေခြင်းကိုရှုံ့ချပစ်တင်ကြောင်းနှင့် သင်တန်းတက်နေသည့်ပညာရေးရုံးဌာနက ဝန်ထမ်းများကို ကသာမြို့အတွင်း လူမူ့ရေးပစ်ဒဏ်ပေးခြင်း စာရွက်များကပ်ပြီး အသိပေးခြင်း၊ လူ့ပတ်ဝန်းကျင်တွင် သားစဥ်မြေးဆက် ခေါင်းမဖော်ရဲအောင် ဆက်လက် လုပ်ဆောင်သွားမည်ဟု ကသာမြို့နေပြည်သူများကဆိုသည်။
ကသာမြို့တွင် ဖေဖော်ဝါရီ ၇ရက်နေ့မှ မတ်၂၃ရက်နေ့အထိ ပြည်သူများက စစ်ကောင်စီအားအလိုမရှ်ိကြောင်းကို နည်းပေါင်းစုံဖြင့် ဆန္ဒထုတ်ဖော်နေဆဲဖြစသည်။







