မြစ်ဆုံ-တန်ဖရဲ နေရာကို စစ်ရှောင်များ ထပ်မံရောက်ရှိ

မြစ်ဆုံ-တန်ဖရဲ နေရာကို စစ်ရှောင်များ ထပ်မံရောက်ရှိ
Photo- Kachin Wave
Photo- Kachin Wave

မြစ်ဆုံအထက်ပိုင်းမှာရှိတဲ့ အင်ဂျန်းယာန်မြို့နယ်က စစ်ဘေးရှောင်ဒုက္ခသည်များက မတ်လ ၂၀ ရက်နေ့မှာ မြစ်ဆုံ- တန်ဖရဲ (ရွာဟောင်း) ကို ထပ်မံရောက်ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့ ညနေပိုင်းအချိန်ကစလို့မြစ်ဆုံအထက်ဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်အာဏာသိမ်ကောင်စီရဲ့ စစ်တပ်တို့ တိုက်ပွဲများပြန်လည်ဖြစ်ပွားလာခဲ့ပြီး၊ တိုက်ပွဲများစတင်ဖြစ်ပွားလာတဲ့ အင်ဂျန်းယာန်မြို့နယ် ဂွေထောင်ရွာက တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါကျေးရွာများမှ စစ်ဘေးရှောင် ဒုက္ခသည် အယောက် ၃၀ခန့်က မြစ်ဆုံရွာဟောင်းကို ထပ်မံရောက်ရှိလာခဲ့တာပါ။

အဆိုပါဒေသများမှာ လက်ရှိအချိန်က တိုက်ပွဲများထပ်မံ မဖြစ်ပွားနေပေမယ့်၊ နှစ်ဖက်တပ်က  အင်အားများကိုတိုးမြှင့်လာကြတဲ့အတွက် တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်တာကြောင့် အခုလို တိုက်ပွဲဘေးလွတ်ရာ မြစ်ကြီးနားမြို့ရှိရာဘက်သို့ ပြောင်းရွှေ့လာခဲ့ကြတာပါ။

ဒီလို ထပ်မံရောက်ရှိလာတဲ့ စစ်ဘေးဒုက္ခသည်များထဲမှာ ၁၂ ရက်သား မွေးကင်းစကလေးနဲ့ သားအမိပါဝင်လာတဲ့အပြင်၊ လမ်းမလျှောက်နိုင်တဲ့ သက်ကြီးရွယ်အို အဖွားအိုများလည်း ပါဝင်နေပါတယ်။

တိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်ဒုက္ခသည်များက အင်ဂျန်းယန်မြို့နယ် ဧရာဝတီမြစ်ဆုံအထက်ပိုင်း ၁၄မိုင်နဲ့၁၆မိုင်ကျေးရွာများကဖြစ်ပြီး၊ မြစ်ကြီးနားမြို့ရှိ ပလနစစ်ရှောင်စခန်းများမှာ ခိုလှုံနေကြမှာဖြစ်တယ်လို့ဆိုပါတယ်။

ယခုလအတွင်း ဧရာဝတီမြစ်ဆုံအထက်ပိုင်းမှာ စစ်အာဏာသိမ်းကောင်စီတပ်နှင့် ကေအိုင်အေ တပ်မဟာ(၁) လက်အောက်ခံတပ်ရင်း(၄) တို့ တိုက်ပွဲများဖြစ်ပွားနေတာဘဲ ဖြစ်ပါတယ်။

Most read this week

ဓါတ်ပုံ - Crd
September 4, 2026
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားနေစဉ် စက်တင်ဘာလ ၃ ရက်နေ့က...
September 4, 2026
ငဝန်တာကျိုးကျ၍ ရေကြီးရေလျှံမှုများ ကြုံတွေ့နေရသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်အတွင်း...
September 3, 2026
ချင်းပြည်၊ တီးတိန်မြို့အနီးတွင် ထန်တလန် စစ်မျက်နှာမှ ပြန်လာသည့် စစ်အုပ်စု ယာဉ်တန်းကို...
မြောင်မြို့နယ် T.G.R သတင်းမှန်ပြန်ကြားရေးအဖွဲ့ / ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာ ဇွန်လ အတွင်းက မီးရှို့ခံခဲ့ရသည့် အခြေအနေ။
September 2, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာတွင် စက်တင်ဘာလ ၁ ရက် နံနက်ပိုင်းက စစ်အုပ်စုတပ်...