အလုပ်ပြန်မဝင်လျှင်ဝန်ထမ်းစည်းမျဥ်းစည်းကမ်းများအရ အရေးယူသွားခြင်းမျိုးရှိမည်ဟု ပုသိမ်ဆေးရုံ၏ ဒုတိယဆေးရုံအုပ်ပြော

အလုပ်ပြန်မဝင်လျှင်ဝန်ထမ်းစည်းမျဥ်းစည်းကမ်းများအရ အရေးယူသွားခြင်းမျိုးရှိမည်ဟု ပုသိမ်ဆေးရုံ၏ ဒုတိယဆေးရုံအုပ်ပြော

ပုသိမ်ဆေးရုံ၏ အရေးပေါ်ဌာနအား ဒုတိယဆေးရုံအုပ်မှ ဦးစီး၍ စစ်ဆေးရုံမှ လက်ထောက်ဆရာဝန်များ၊ပုသိမ်ဆေးရုံ ကျန်းမာရေးဝန်ထမ်းများပူးပေါင်းပြီး မတ်လ(၁၉)ရက်နေ့မှစတင်ဖွင့်လှစ်ထားကြောင်း၎င်းဆေးရုံအုပ်မှပြောသည်။

ပုသိမ်ဆေးရုံတစ်ခုလုံး ပြန်လည်ဖွင့်လှစ်နိုင်ရန် ဝန်ထမ်းအင်အား လုံလောက်ခြင်းမရှိသောကြောင့်ဝန်ထမ်းများအား ပြန်လည်အလုပ်ဆင်းရန် ဒုတိယဆေးရုံအုပ်မှ ဖုန်းဆက်အကြောင်းကြားခဲ့ခြင်းမျိုးရှိခဲ့ပြီး အလုပ်ပြန်မဆင်းပါက ဝန်ထမ်းစည်းမျဥ်းစည်းကမ်းများအရ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်းမျိုးရှိမည်ဟုပုသိမ်ဆေးရုံ ဒုတိယဆေးရုံအုပ်မှပြောသည်။

"ဆေးရုံက အရိုးဆရာဝန်ကြီးနဲ့ဆရာဝန်ကြီးတွေ စီနီယာအစ်မကြီးတွေ၊မြို့ထဲကလူတွေနဲ့ဖွဲ့ထားတဲ့ဆေးရုံအထောက်အကူပြုအဖွဲ့၊ပြီးတော့ရှင်သန်ရာဆိုတဲ့ပရဟိတအဖွဲ့တွေနဲ့တိုင်ပင်ပြီးတော့ဘယ်သွားရမှန်းမသိတဲ့လူနာတွေ မဖြစ်သင့်တာတွေမဖြစ်ရအောင်တိုင်ပင်ပြီး လုပ်နေကြပါတယ် ဝန်ထမ်းတွေကိုတော့ ပြန်လာတာမလာတာတော့ မိမိဖာသာဆုံးဖြတ်လို့ရတယ်လို့အကြောင်းကြားထားတယ် မလာရင်တော့ ဝန်ထမ်းစည်းမျဥ်းစည်းကမ်းနဲ့အရေးယူရမယ်လို့တော့ပြောထားတယ်"ဟု ဒုဆေးရုံအုပ်ကြီးမှပြောသည်။

ထိုသို့ အထောက်အကူပြုအဖွဲ့နှင့် ပရဟိတအဖွဲ့များတိုင်ပင်လုပ်ဆောင်နေကြသော်လည်း ဆေးရုံတစ်ခုလုံးပြန်ဖွင့်နိုင်ရန် ဝန်ထမ်းအင်အားနည်းသောကြောင့် အရေးပေါ်ဌာနကိုသာဆက်လက်ဖွင့်ထားမည်ဟုစစ်ကောင်စီအားတင်ပြခဲ့ပြီး  ဆေးရုံတက်ရမည့်လူနာများအား စစ်ဆေးရုံသို့ပို့ဆောင်နေကြောင်း၎င်းဆေးရုံအုပ်မှဆက်လက်ပြောသည်။

လက်ရှိတွင် ပုသိမ်ဆေးရုံမှ CDM ပြုလုပ်ထားသော လက်ထောက်ဆရာဝန်များအားလုံးနီးပါး၊သူနာပြုတချို့နှင့် အထူးကုဆရာဝန်တချို့က CDM ဆက်လက်ပြုလုပ်နေကြပြီး၊ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ်အား ပုဒ်မ(၅၀၅)က ဖြင့်တရားစွဲဆိုထားခြင်းမရှိကြောင်း ပုသိမ်ဆေးရုံ ဒုတိယဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုး၏ပြောကြားချက်အရသိရသည်။

May 13, 2026
ပေါ်ထွန်း — စစ်ကိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တင်နေသည့် အာရက္ခတပ်တော် (AA) အပါအဝင်...
May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...