ပြည်ပဈေးကွက်မရှိသောကြောင့် မွန်ပြည်နယ်ငါးလုပ်ငန်း အားလုံးနီးပါး ရပ်ဆိုင်းထား

ပြည်ပဈေးကွက်မရှိသောကြောင့် မွန်ပြည်နယ်ငါးလုပ်ငန်း အားလုံးနီးပါး ရပ်ဆိုင်းထား

ကိုဗစ်ကာလစီးပွားရေးရိုက်ခတ်မှုနှင့်အတူ ပြည်ပသို့ငါးတင်ပို့မှု လုံးဝရပ်တန့်သွားသောကြောင့် မွန်ပြည်နယ်ငါးလုပ်ငန်းများ ရာနှုန်းပြည့်အားလုံးနီးပါးရပ်ဆိုင်းထားရကြောင်း ငါးလုပ်ငန်းရှင်များက ပြောဆိုကြသည်။

တရုတ်နိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများကိုအဓိကတင်ပို့ရာတွင် ငွေကြေးလည်ပတ်မှုအခက်အခဲအပြင် စက်သုံးဆီဈေးမြင့်တက်လာမှုကြောင့် တွက်ခြေမကိုက်တော့ကြောင်း ကျိုက္ခမီမြို့မှ ငါးလုပ်ငန်းရှင် ဦးသက်ဝင်းပိုင်က ပြောသည်။

“Export ကတော့လုံဝရပ်သွားပြီးပေါ့နော် ပြည်တွင်းမှာပဲ လုပ်နေရတယ် ငါးခြောက်လုပ်တယ် ရေခဲငါးလုပ်ပြီးတော့ မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ် လောက်တော့လည်ပတ်နေတာပေါ့ Export ငါးတွေကငါးခြောက်ဖြစ်ကုန်တော့ ဈေးလည်းမရတော့ဘူး၊ နောက်လကုန်လောက်ဆိုရင် လုပ်ငန်းအားလုံးအပြီး သိမ်းဆည်းကြတော့မယ်” ဟု ဦးသက်ဝင်းပိုင်က ဆက်ပြောသည်။

ယင်းသို့ ငါးလုပ်ငန်းရပ်ဆိုင်းသွားမည့်အချိန်တွင် မွန်ပြည်နယ်အတွင်းရှိ ငါးလုပ်သား ၂ သောင်းခန့် အလုပ်လက်မဲ့ဖြစ်ပေါ်လာမည့်အနေအထားတွင်ရှိနေပြီး ဒေသခံငါးလုပ်သားများကိုသာ ငါးလုပ်ငန်းရှင်အများစုက ဆက်လက်ထောက်ပံ့သွားနိုင်မည်ဖြစ်သည်။

မွန်ပြည်နယ် ငါးလုပ်ငန်းဥက္ကဌ ဦးမြင့်စိုးက “ကိုဗစ်ကာလပြီးသွားတော့ နိုင်ငံရေးအခြေအနေကလည်း ခုလိုဖြစ်သွားတော့ ငါးလုပ်ငန်းကတော်တော်လေးကို အထိနာသွားတယ် နောက်ငါးဖမ်းရာသီရောက်ရင် ပြန်လည်မရပ်တည်နိုင်ကြမှာကို စိုးရိမ်မိတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင် ငါး၊ပုဇွန်သားပေါက်ကာလဖြစ်သည့် မေလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ ငါးမဖမ်းရရာသီကာလဖြစ်ပြီး သြဂုဏ်လ ၁ ရက်နေ့မှစတင်၍ နှစ်စဉ်ပုံမှန် ငါးဖမ်းဆီးခွင့်ပြုကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

 မွန်ပြည်နယ်၏ ကမ်းနီးကမ်းဝေး ငါးဖမ်းရေယာဉ် ၁၀၀၀ ကျော်ခန့်မှ ဖမ်းဆီးရရှိသည့်ငါးများကိုမော်လမြိုင် ငါးအဝယ်ဒိုင်ကြီးများထံတင်ပို့ပြီး ၎င်းတို့မှတစ်ဆင့်  မွန်ပြည်နယ်(၁၀)မြို့နယ်သို့ရောင်းချ နေသည့်အပြင် ရန်ကုန်သို့လည်းတင်ပို့နေကြောင်းသိရသည်။

လတ်တလောဆက်လက်ဖြစ်ပေါ်နေသော စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ အရှိန်အဟုန်မြင့်တက်လျှက်ရှိနေသလို ကိုဗစ်ကာလကြောင့် မြန်မာ့စီးပွားရေးလုပ်ငန်းအများစုသည်လည်း ပြန်လည်နာလံမထူနိုင်သည့်ယခုကာလတွင် ဘဏ်လုပ်ငန်းများနှင့် ပို့ကုန်သွင်းကုန်များလည်း ရပ်တန့်လျှက်ရှိကြောင်း သိရသည်။

Most read this week

September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...