ဖားကန့် ၊ဆယ်ဇင်းက တပ်မတော် ၏ အနီးစခန်း တစ်ခုကို KIA တိုက်ခိုက် သိမ်းယူ

ဖားကန့် ၊ဆယ်ဇင်းက တပ်မတော် ၏ အနီးစခန်း တစ်ခုကို KIA တိုက်ခိုက် သိမ်းယူ

ဖားကန့် မြို့နယ် ဆယ်ဇင်း ကျေးရွာ KIA တပ်မဟာ ၉ တပ်ရင်း ၂၆ တပ်ဖွဲ့ မှ တပ်မတော် ၏ အနီးစခန်း တစ်ခုကို တိုက်ခိုက် သိမ်းယူ ခဲ့ကြောင်း သိရသည်။

" အခုမနက် အစောပိုင်းမှာ သိမ်းနိုင်ခဲ့ပြီ သိမ်းပြီး ပြန်လာခဲ့တယ်။" ဟု KIO/ KIA သတင်းနှင့် ပြန်ကြား ရေးတာ၀န်ခံ ဗိုလ်ဗှူး ကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ယခုလို တိုက်ပွဲများဖြစ်ပွားသည့် အပေါ် KIO ဗဟိုဌာနချုပ်က ညွှန်ကြားထားခြင်းမရှိ‌ သော်လည်း KIA တပ်မဟာ ၄ ရှမ်း မြောက်တွင်လည်း အစိုးရ တပ်ဘက်က နေ့စဉ်ထိုးစစ်ဆင်ပြီးတိုက်ပွဲများ ဖြစ်ပွားနေခြင်းKIA ရှေ့တန်းတပ်ဖွဲ့ များအနေဖြင့် နေရာတိုင်းမှာ ပစ်ခတ်နိုင် ကြောင်း သိရသည်။

" KIO ဗဟိုဌာနချုပ်ကနေ အစိုးရတပ်စခန်း တွေကို ပစ်ခတ်ဖို့ ၊ မြို့ထဲ၀င်ပြီး ပစ်ခတ်ဖို့ ညွှန်ကြားတာမရှိဘူး။ စစ်ဗျူဟာမှူးတွေ ဘယ်လိုဖြစ်တာလဲ တော့မသိဘူး၊ ကျွန်တော်တို့ KIA တွေနဲ့ ထိတွေ့ပြီး ရင်ဆိုင်တိုက်ပွဲတွေလည်း ဖြစ်နိုင်တယ်" ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက် ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ဆယ်ဇင်း နှင့် တာမခန်လမ်းကြားမှ တပ်မတော်ဘက်မှလာသည့် စစ်ကူများကိုလည်း ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။

Most read this week

December 10, 2025
နိုင်ငံတကာတရားစစ်ခုံရုံးကနေ စစ်ကော်မရှင်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့...
December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...