ဖားကန့် ၊ဆယ်ဇင်းက တပ်မတော် ၏ အနီးစခန်း တစ်ခုကို KIA တိုက်ခိုက် သိမ်းယူ

ဖားကန့် ၊ဆယ်ဇင်းက တပ်မတော် ၏ အနီးစခန်း တစ်ခုကို KIA တိုက်ခိုက် သိမ်းယူ

ဖားကန့် မြို့နယ် ဆယ်ဇင်း ကျေးရွာ KIA တပ်မဟာ ၉ တပ်ရင်း ၂၆ တပ်ဖွဲ့ မှ တပ်မတော် ၏ အနီးစခန်း တစ်ခုကို တိုက်ခိုက် သိမ်းယူ ခဲ့ကြောင်း သိရသည်။

" အခုမနက် အစောပိုင်းမှာ သိမ်းနိုင်ခဲ့ပြီ သိမ်းပြီး ပြန်လာခဲ့တယ်။" ဟု KIO/ KIA သတင်းနှင့် ပြန်ကြား ရေးတာ၀န်ခံ ဗိုလ်ဗှူး ကြီးနော်ဘူက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

ယခုလို တိုက်ပွဲများဖြစ်ပွားသည့် အပေါ် KIO ဗဟိုဌာနချုပ်က ညွှန်ကြားထားခြင်းမရှိ‌ သော်လည်း KIA တပ်မဟာ ၄ ရှမ်း မြောက်တွင်လည်း အစိုးရ တပ်ဘက်က နေ့စဉ်ထိုးစစ်ဆင်ပြီးတိုက်ပွဲများ ဖြစ်ပွားနေခြင်းKIA ရှေ့တန်းတပ်ဖွဲ့ များအနေဖြင့် နေရာတိုင်းမှာ ပစ်ခတ်နိုင် ကြောင်း သိရသည်။

" KIO ဗဟိုဌာနချုပ်ကနေ အစိုးရတပ်စခန်း တွေကို ပစ်ခတ်ဖို့ ၊ မြို့ထဲ၀င်ပြီး ပစ်ခတ်ဖို့ ညွှန်ကြားတာမရှိဘူး။ စစ်ဗျူဟာမှူးတွေ ဘယ်လိုဖြစ်တာလဲ တော့မသိဘူး၊ ကျွန်တော်တို့ KIA တွေနဲ့ ထိတွေ့ပြီး ရင်ဆိုင်တိုက်ပွဲတွေလည်း ဖြစ်နိုင်တယ်" ဟု ဗိုလ်မှူးကြီးနော်ဘူက ဆက် ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ဆယ်ဇင်း နှင့် တာမခန်လမ်းကြားမှ တပ်မတော်ဘက်မှလာသည့် စစ်ကူများကိုလည်း ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...