မွန်ညီညွတ်ရေးပါတီ CEC ဒေါက်တာအောင်နိုင်ဦး နုတ်ထွက်စာတင်

မွန်ညီညွတ်ရေးပါတီ CEC ဒေါက်တာအောင်နိုင်ဦး နုတ်ထွက်စာတင်

စိုင်းထွန်းစံ - မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် CEC ဒေါက်တာအောင်နိုင်ဦးက မော်လမြိုင်မြို့ရှိ MUP ပါတီဗဟိုရုံးသို့ ယနေ့ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် နုတ်ထွက်စာတင်ထားကြောင်း သိရသည်။

မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမကို ခန့်အပ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်ညပိုင်းတွင် MRTV မှထုတ်ပြန်ကြေညာခဲ့ပြီးနောက် ယင်းကဲ့သို့ နုတ်ထွက်စာတင်လိုက်ခြင်း ဖြစ်သည်။

ဒေါက်တာအောင်နိုင်ဦး၏ လူမှုကွန်ရက် စာမျက်နှာတွင် “ဒီမိုကရေစီစံတန်ဖိုးတွေ ဘယ်လိုအကြောင်းနှင့်မှ ယိမ်းယိုင်မပြိုလဲစေရပါ၊ မဲဆန္ဒရှင်များ ယုံကြည်အားကိုးမှုကို အဓမ္မဝါဒီအတွက် မဖြစ်စေရပါ” ဟု ရေးသားဖော်ပြထားသည်။

ထို့ပြင် ပြောသင့်ပြောထိုက်သည်များကို ပြောပြီးကြောင်းနှင့် ပြတ်သားချိန်တန် ပျက်သားရမည်ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင်ပါဝင်ရန် မွန်ညီညွတ်ရေးပါတီကို ကမ်းလှမ်းခဲ့ပြီး ပါတီကိုယ်စားလှယ်အဖြစ် ဒေါက်တာဗညားအောင်မိုးကို စေလွှတ်ရန် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့အရေးပေါ်အစည်းအဝေးမှ မဲခွဲဆုံးဖြတ်ခဲ့သည်။

ဒေါက်တာအောင်နိုင်ဦးသည် ၂၀၁၀ ရွေးကောက်ပွဲမှစတင်ပြီး မွန်ပါတီကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲ ၃ ကြိမ်ဆက်တိုက် အနိုင်ရရှိခဲ့သူဖြစ်ပြီး ပြီးခဲ့သည့်ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းတွင် လွှတ်တော် ဒုတိယ ဥက္ကဌ အဖြစ်တာဝန်ယူ ဆောင်ရွက်ခဲ့သူဖြစ်သည်။

သို့ရာတွင် မွန်ညီညွတ်ရေးပါတီ MUP အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ခြင်းသည် ထိပ်တိုက်တိုး၍သွေးထွက်သံယိုမှုများဖြစ်ပေါ်လာမည်ကို ရှောင်ရှားလိုခြင်းဖြစ်ပြီး နိုင်ငံရေးအရ နီးကပ်စွာမျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေး အဖြေရှာသည့်နည်းလမ်းဖြင့်သာ လက်ရှိတစ်ဆို့နေမှုများကို ငြိမ်းချမ်းစွာအဖြေရှာဖွေနိုင်လိမ့်မည်ဖြစ်ကြောင်း ပါတီထိပ်ပိုင်းခေါင်းဆောင်အများစုက လက်ခံထားသည်။

May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...