တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင် ဖမ်းဆီးထိန်းသိမ်းခံရ

တောင်ကုတ်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်သိန်းအောင် ဖမ်းဆီးထိန်းသိမ်းခံရ

ကိုကိုတိုး — ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌဖြစ်သူ ဦးတင်သိန်းအောင်အား ယနေ့ ညနေ ၅ နာရီကျော်ခန့်ကဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေါ်ချစ်ချစ်ချောက အတည်ပြု ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များက နေအိမ်ကနေ ခေါ်ယူသွားကြောင်း၊ မည်သည့်နေရာသို့ ခေါ်ယူသွားသည်ကို မသိရှိရသေးကြောင်း၊ မိသားစုများ စိုးရိမ်နေကြောင်း သူမက ဆက်လက်ပြောကြားသည်။

တောင်ကုတ်မြို့နယ်မှူးသို့  ယနေ့ ည ၇ နာရီ မိနစ် ၂၀ က ဆက်သွယ်ရာ ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိခဲ့ပါ။

ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း တောင်ကုတ်မြို့မှ လွတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင် နှင့် NLD ဝန်းရံသူ ကိုသန့်ဇင်ဖြိုးတို့ ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...