နောင်ချိုမြို့နယ် ထွေအုပ် စစ်အာဏာရှင်ဆန့်ကျင်သည့် CDM လှုပ်ရှားမှု ပါဝင်လာ

နောင်ချိုမြို့နယ် ထွေအုပ် စစ်အာဏာရှင်ဆန့်ကျင်သည့် CDM လှုပ်ရှားမှု ပါဝင်လာ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး အဖွဲ့ဝင်များသည် ယနေ့ (ဖေဖော်ဝါရီ ၁၁)ရက် တွင် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် (Civil Disobedience Movement) လှုပ်ရှားမှု ပါဝင်လာကြကြောင်း စုံစမ်းသိရသည်။

နောင်ချိုမြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးဌေးလင်းဦး အပါဝင် အဖွဲ့ဝင် (၅)ဦးသည် အုပ်ချုပ်ရေးမှူးအဖွဲ့တွင် ပထမဆုံး CDMပါဝင်လာသည့် သူများဖြစ်ကြောင်းသိရသည်။

“ အစိုးရ ဝန်ထမ်းတွေ CDM ပါဝင်လာဖို့ လိုအပ်ပါတယ်။ ဒီနေ့ နောင်ချို ထွေအုပ် အဖွဲ့တွေကတော့ CDM လှုပ်ရှားမှုပါဝင်ပြီး။ ပြည်သူတွေနဲ့အတူ ရပ်တည်သွားမယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်” ဟု နောင်ချိုက ဒေသခံ တဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်အာဏာကို ဆန့်ကျင်ရာတွင် အနယ်နယ် အရပ်ရပ်မှ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး CDMပါဝင်လာဖို့ လိုအပ်ကြောင်း၊ အစိုးရဝန်ထမ်းများလည်း အားလုံးပါဝင်လာရန် တိုက်တွန်းလို ကြောင်း နောင်ချို ဒေသခံ က ပြောသည်။

“ နောင်ချို ထွေအုပ်တွေ CDMပါဝင်လာပေးတဲ့အတွက် ဝမ်းသာကြိုဆိုပါတယ်။ ဆက်လက်ပြီးတော့လည်း ပါဝင်လာဖို့ မျှော်လင့်ပါတယ်။ အာဏာရှင် စနစ်ကိုတိုက်ဖို့က အားလုံးပါဝင်မှ ရမှာပါ” ဟု ၎င်းဒေသခံ က ဆိုသည်။

လက်ရှိမှာ အစိုးရဝန်ထမ်း၊ ပုဂ္ဂလိက ဝန်ထမ်းများ CDMပါဝင်လာသည့်အတွက် အစိုးရ လုပ်ငန်းတချို့ ရပ်ဆိုင်းထားရသလို ဘဏ်တချို့လည်း ပိတ်ထားရကြောင်း စုံစမ်းသိရသည်။

Most read this week

June 15, 2026
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်...
June 13, 2026
စိုင်းဟန်လင်း — မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့တွင် အလုပ်ရရှိမည်ဟုဆိုသည့် အွန်လိုင်းအလုပ်ခေါ်စာကို...
June 12, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် တောင်ပိုင်း မိုင်းရှူမြို့နယ်ရှိ အစိုးရ စာကျောင်းများတွင်...
June 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် တန်စန်းကျေးရွာ အနီးနားကျေးရွာများတွင် ဘောင်းဘီဝတ်ခွင့်...