အမ်းမြို့တွင် ဆန္ဒပြ၍ ဖမ်းဆီးခံထားရသူ ၆ ဦးကို ဘေးစီမံပုဒ်မ -၂၅ ဖြင့် အမှုဖွင့်

အမ်းမြို့တွင် ဆန္ဒပြ၍ ဖမ်းဆီးခံထားရသူ ၆ ဦးကို ဘေးစီမံပုဒ်မ -၂၅ ဖြင့် အမှုဖွင့်

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ဆန္ဒပြ၍ ဖမ်းဆီးရမိသူ ၆ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု အမ်းမြို့မရဲစခန်းမှ စခန်းမှူး ကိုကျော်ဇင်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

သူတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်အရေးယူပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေအေးမှ တိုင်စာပေးပို့ တိုင်ကြားလာသဖြင့် ဖမ်းဆီး အရေးယူရခြင်းဖြစ်သည်ဟု ပြောသည်။

 “ဖမ်းဆီးခံထားရတဲ့သူကတော့ အားလုံး ၆ ယောက်ပါ။ ကျနော်တို့ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ကနေပြီးတော့ စာပေးပို့ပြီးတိုင်တန်းလာတယ်။ လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်တဲ့နေရာမှာ သဘာဝဘေးန္တရာယ်ဖြစ်ပေါ်စေရန် အကြောင်းရှိတဲ့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်တဲ့အတွက်ကြောင့် ဥပဒေအရ အရေးယူပေးပါ ဆိုပြီးတော့ တိုင်စာပေးပို့ တိုင်တန်းလာတဲ့အတွက် ကျနော်တို့က အမှုဖွင့်ထားရှိတာဖြစ်ပါတယ်” ဟု စခန်းမှူး ကိုကျော်ဇင်ဦးက ပြောသည်။

အမှုဖွင့်ခံရသူ ၆ ဦးမှာ အမ်းမြို့နယ် ပိန်ရေစမ်းကျေးရွာမှ ဒေါ်လှမေကျော်၊ အမ်းမြို့ အမှတ် (၃) ရက်ကွက်မှ မစိုးကလျာထွန်း၊ လေယာဉ်ကွင်းရပ်ကွက်မှ မရတနာအောင်နှင့် ကိုအောင်မျိုးထွဋ်၊ ပျားတဲကျွန်း ကျေးရွာမှ ကိုမင်းထိုက်အောင်နှင့် ပိန်းတောကျေးရွာမှ မတင်ချိုချိုထွေးတို့ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့က ဆန္ဒပြရာတွင် ပါဝင်သူများအား နောက်ထပ်ဖမ်းဆီးရမိလျှင်လည်း ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...