အမ်းမြို့တွင် ဆန္ဒပြ၍ ဖမ်းဆီးခံထားရသူ ၆ ဦးကို ဘေးစီမံပုဒ်မ -၂၅ ဖြင့် အမှုဖွင့်

အမ်းမြို့တွင် ဆန္ဒပြ၍ ဖမ်းဆီးခံထားရသူ ၆ ဦးကို ဘေးစီမံပုဒ်မ -၂၅ ဖြင့် အမှုဖွင့်

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် ဆန္ဒပြ၍ ဖမ်းဆီးရမိသူ ၆ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ -၂၅ ဖြင့် အမှုဖွင့် အရေးယူထားသည်ဟု အမ်းမြို့မရဲစခန်းမှ စခန်းမှူး ကိုကျော်ဇင်ဦးက နိရဉ္စရာသတင်းဌာနသို့ ပြောကြားသည်။

သူတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့်အရေးယူပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်ရွှေအေးမှ တိုင်စာပေးပို့ တိုင်ကြားလာသဖြင့် ဖမ်းဆီး အရေးယူရခြင်းဖြစ်သည်ဟု ပြောသည်။

 “ဖမ်းဆီးခံထားရတဲ့သူကတော့ အားလုံး ၆ ယောက်ပါ။ ကျနော်တို့ အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ကနေပြီးတော့ စာပေးပို့ပြီးတိုင်တန်းလာတယ်။ လူစုလူဝေးနဲ့ ဆန္ဒဖော်ထုတ်တဲ့နေရာမှာ သဘာဝဘေးန္တရာယ်ဖြစ်ပေါ်စေရန် အကြောင်းရှိတဲ့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို ချိုးဖောက်တဲ့အတွက်ကြောင့် ဥပဒေအရ အရေးယူပေးပါ ဆိုပြီးတော့ တိုင်စာပေးပို့ တိုင်တန်းလာတဲ့အတွက် ကျနော်တို့က အမှုဖွင့်ထားရှိတာဖြစ်ပါတယ်” ဟု စခန်းမှူး ကိုကျော်ဇင်ဦးက ပြောသည်။

အမှုဖွင့်ခံရသူ ၆ ဦးမှာ အမ်းမြို့နယ် ပိန်ရေစမ်းကျေးရွာမှ ဒေါ်လှမေကျော်၊ အမ်းမြို့ အမှတ် (၃) ရက်ကွက်မှ မစိုးကလျာထွန်း၊ လေယာဉ်ကွင်းရပ်ကွက်မှ မရတနာအောင်နှင့် ကိုအောင်မျိုးထွဋ်၊ ပျားတဲကျွန်း ကျေးရွာမှ ကိုမင်းထိုက်အောင်နှင့် ပိန်းတောကျေးရွာမှ မတင်ချိုချိုထွေးတို့ဖြစ်ကြောင်း သိရှိရသည်။

ယမန်နေ့က ဆန္ဒပြရာတွင် ပါဝင်သူများအား နောက်ထပ်ဖမ်းဆီးရမိလျှင်လည်း ဆက်လက် အရေးယူသွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။

Most read this week

June 15, 2026
အာဏာသိမ်းစစ်တပ်ခန့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးနိုင်ဦးလက်ထက်တွင် ယူနီဖောင်း ဝတ်ထားသူများက...
June 13, 2026
သံတွဲခရိုင်၊ ငပလီမြို့အနီးပတ်ဝန်းကျင်တွင် မြေစျေးအပါအဝင် အိမ်ခြေစျေးများ အဆမတန် ကျလာသဖြင့်...
June 12, 2026
မောင်စာဂ — ရခိုင်ပြည်ရှိ မြို့နယ်အချို့တွင် လူနာ ၃ဝ ကျော်အထိ သွေးလွန်တုတ်ကွေးရောဂါဖြစ်နေ၍...
June 12, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က မြို့စွန့်ခွာဖို့ သတိပေးထုတ်ပြန်ထားတဲ့ တစ်ဖက်မှာ...