ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွား ကျန်ဝန်ကြီးများကို နေအိမ်အကျယ်ချုပ်ဆက်လက်ထိန်းသိမ်း

ဝန်ကြီးချုပ်ဒေါက်တာအေးဇံကို ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွား ကျန်ဝန်ကြီးများကို နေအိမ်အကျယ်ချုပ်ဆက်လက်ထိန်းသိမ်း

မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရအိမ်ယာဝင်းအတွင်း နေအိမ်အကျယ်ချုပ်ကျခံနေရသူ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ဖေဖော်ဝါရီ ၁ဝ ရက် ဗုဒ္ဓဟူးနေ့ညပိုင်းတွင် စစ်တပ်က ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးထံမှ စုံစမ်းသိရှိရသည်။

"ပထမအကြိမ်ခေါ်သွားသလိုပါပဲ လက်ထိပ်မခတ်ပါဘူး" ဟု ၄င်းက ဆိုသည်။

ဒေါက်တာအေးဇံကို စစ်ကား ၄ စင်း၊ ခန့်မှန်းချေစစ်သား ၁၅ ယောက်ခန့် လာရောက်ဖမ်းဆီးခဲ့ပြီး မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရပေ။

မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “ကျနော် အစိုးရနေအိမ်မှာပဲ ရှိနေပါတယ်၊ အပြင်မထွက်ရပါဘူး၊ အစိုးရပေးထားတဲ့ ဖုန်းကိုလည်း စစ်တပ်က လာသိမ်းသွားပါပြီ၊ ကျန်တဲ့ဝန်ကြီးတွေလည်း ကျနော့်လိုပါပဲ”ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

အလားတူ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများအားလုံးကိုလည်း အဆိုပါ အစိုးရအိမ်ယာဝင်းအတွင်း အကျယ်ချုပ်နေထိုင်လျှက်ရှိကြောင်း ယူဆရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့တွင် စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်း၊ လျှပ်စစ်၊စွမ်းအင်နှင့်စက်မှုဝန်ကြီး ဦးလှထွန်း၊ လူမှုရေးဝန်ကြီးဌာန ဒေါက်တာထိန်လင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဝဏ္ဏကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်၊ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးရွှေမြင့်၊ ပအိုဝ့်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်နှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအောင်မြင့်ခိုင်တို့ပါဝင်ကြောင်း သိရသည်။   

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးအားလုံးကို ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်တွင် ပထမတစ်ကြိမ် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီးနောက် နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထိန်းသိမ်းထားရာမှ ယခုတဖန် ဝန်ကြီးချုပ်အား ထပ်မံ ဖမ်းဆီးသွားခြင်းဖြစ်သည်။

အလားတူ နေအိမ်အကျယ်ချုပ်ခံ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် အပါအဝင် အခြားတိုင်းနှင့်ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်များကိုလည်း ဒုတိယအကြိမ်ပြန်လည်ထိန်းသိမ်းလိုက်ကြောင်း သတင်းများတွင် တွေ့ရှိရသည်။

ထို့အပြင် ပြည်နယ်နှင့် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဌများကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သည်ဟုသတင်းများထွက်ပေါ်နေပြီး မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဌကို ညကခေါ်ဆောင်သွားကြောင်း စုံစမ်းသိရှိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။   

Photo-ဒေါက်တာအေးဇံ(MNA)

ဓာတ်ပုံ - Crd
September 19, 2026
မွန်အမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် အနာဂတ်အကြံပြုချက်များနှင့်...
September 18, 2026
မွန်ပြည်၊ ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါး သုံးစွဲသူနှင့်...
ဓာတ်ပုံ - မော်လမြိုင်မြို့အဝင်ဆိုင်းဘုတ်။ / Crd
September 17, 2026
မွန်ပြည်၊ မော်လမြိုင်မြို့တွင် အသက်မပြည့်သေးသည့် ကလေး ၂ ဦး အပါအဝင် မူးယစ်ဆေးဝါး သုံးစွဲနေသည့်...
ရေဖြူမြို့နယ်အတွင်းက လမ်းပိုင်းတစ်နေရာ။ / CJ
September 16, 2026
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူး-အလယ်စခန်း လမ်းပိုင်းတွင် စစ်အုပ်စုတပ် စစ်ကြောင်းများ...