စစ်ဘေးဒဏ်ခံ ပလက်ဝမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်

စစ်ဘေးဒဏ်ခံ ပလက်ဝမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်

စစ်ရေးပဋိပက္ခဒဏ်ခံနေရသည့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့တွင် တပ်မတော်၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ယနေ့(ဖေဖော်ဝါရီလ ၉ ရက်) နံနက်ပိုင်း ၈ နာရီမှ ၉ နာရီအထိ ဒေသခံပြည်သူ ၃၀ ကျော်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်မှုတွင်ပါဝင်သော ပလက်ဝဒေသခံတစ်ဦးက “ လက်ရှိ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း အာဏာသိမ်းတာကို လက်မခံဘူးဆိုတာကိုသိအောင် ပြတဲ့သဘောပါပဲ’’ ဟု ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် ပလက်ဝမြို့ပေါ် ရိက္ခာရပ်ကွက်ရှိ ခူမီးယဉ်ကျေးမှုပြတိုက်ရှေ့တွင် “ တပ်မတော်ကို မမုန်းပါ အာဏာရှင်စနစ်အလိုမရှိ၊ နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရသူများအားလုံး လွှတ်ပေးရေး၊ စစ်အာဏာရှင်စနစ် အလိုမရှိ” စာတန်းများကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် တပ်မတော်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒဖော်ထုတ်မှုများ ကို ယနေ့ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဆက်လက်လုပ်ဆောင်လျက်ရှိကြသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...