ကရင်နီအမျိုးသားနေ့မှာ အကျဥ်းသား ၃၉ ဦး လွတ်ငြိမ်းခွင့်ရ

ကရင်နီအမျိုးသားနေ့မှာ အကျဥ်းသား ၃၉ ဦး လွတ်ငြိမ်းခွင့်ရ

ဇွန် ၂၁ ရက်နေ့မှာ ကျရောက်တဲ့ (၁၅၁) ကြိမ်မြှောက် ကရင်နီအမျိုးသားနေ့မှာ ကရင်နီပြည်တွင်း၊ IEC ရဲ့ စီမံကွပ်ကဲမှုအောက်က အကျဥ်းသား ပေါင်း ၃၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ IEC ကထုတ်ပြန်ပါတယ်။

(၁၅၁) နှစ်မြောက် ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အဖြစ်သော်လည်းကောင်း ၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာလို့ပြောထားပါတယ်။

လွတ်ငြိမ်းခွင့်မှာ ကရင်နီပြည် ကြားကာလအစီအမံ အပိုဒ် ( ၇၅ ) ၊ အပိုဒ်ခွဲ (ခ) အရ ၂၀၂၆ ခုနှစ် ဇွန်လ (၂၁) ရက် မတိုင်မီ ကျူးလွန်ခဲ့တဲ့ပြစ်မှုတစ်ခုခုနဲ့ စပ်လျဉ်းပြီး ပြစ်ဒဏ်ချမှတ်ခြင်းခံရတဲ့ အကျဉ်းထောင်/စခန်း အသီးသီးတွင် အကျဉ်းကျခံရသော အကျဉ်းသူ အကျဉ်းသားတွေပါဝင်ပါတယ်။

ပြီးခဲ့တဲ့နှစ် (၁၅၀)ကြိမ်မြှောက် ကရင်နီအမျိုးသားနေ့မှာလည်း အကျဥ်းသား ၂၈ ဦးကိုလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ၁၄၈ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ခွင့်ပေးခဲ့ပါတယ်။

ကရင်နီပြည်ကြားကာလအစီအမံအောက်မှာ အကျဥ်းသားတွေကို နေ့ထူးနေ့မြတ်တွေမှာ လွတ်ငြိမ်းချမ်းသာခွင့်၊ ပြစ်ဒဏ်လျှော့ပေါ့ခွင့် ရလေ့ရှိတာကိုလည်း တွေ့ရပါတယ်။

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...