စစ်ဘေးဒဏ်ခံ ပလက်ဝမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်

စစ်ဘေးဒဏ်ခံ ပလက်ဝမြို့တွင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်

စစ်ရေးပဋိပက္ခဒဏ်ခံနေရသည့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့တွင် တပ်မတော်၏ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ယနေ့(ဖေဖော်ဝါရီလ ၉ ရက်) နံနက်ပိုင်း ၈ နာရီမှ ၉ နာရီအထိ ဒေသခံပြည်သူ ၃၀ ကျော်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ဆန္ဒဖော်ထုတ်မှုတွင်ပါဝင်သော ပလက်ဝဒေသခံတစ်ဦးက “ လက်ရှိ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း အာဏာသိမ်းတာကို လက်မခံဘူးဆိုတာကိုသိအောင် ပြတဲ့သဘောပါပဲ’’ ဟု ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် ပလက်ဝမြို့ပေါ် ရိက္ခာရပ်ကွက်ရှိ ခူမီးယဉ်ကျေးမှုပြတိုက်ရှေ့တွင် “ တပ်မတော်ကို မမုန်းပါ အာဏာရှင်စနစ်အလိုမရှိ၊ နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရသူများအားလုံး လွှတ်ပေးရေး၊ စစ်အာဏာရှင်စနစ် အလိုမရှိ” စာတန်းများကို ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် တပ်မတော်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒဖော်ထုတ်မှုများ ကို ယနေ့ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ဆက်လက်လုပ်ဆောင်လျက်ရှိကြသည်။

May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...
May 4, 2026
အာဏာသိမ်းစစ်အုပ်စုအနေဖြင့် မတရားဖမ်းဆီးထားသည့် သတင်းသမားအားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့်...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...