စစ်တပ်အာဏာသိမ်းဆီးမှု့အပေါ် လက်ထောက်ဆရာဝန်များအဖွဲ့က ကန့်ကွက်ဆန္ဒပြ

စစ်တပ်အာဏာသိမ်းဆီးမှု့အပေါ် လက်ထောက်ဆရာဝန်များအဖွဲ့က ကန့်ကွက်ဆန္ဒပြ

မြန်မာနိုင်ငံ တစ်နိုင်ငံလုံး မြို့နယ်တော်တော်များများတွင် လက်ထောက်ဆရာဝန်များ အနေဖြင့် အာဏာသိမ်းစစ်အစိုးရ လက်အောက်တွင် အလုပ်ဆက်လက်လုပ်ကိုင်လိုခြင်း မပြုလိုတော့ကြောင်း ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဆန္ဒသဘောထား ထုတ်ပြန်ခဲ့ကြသည်။

အဆိုပါ ထုက်ပြန်ချက်ထဲတွင်  ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြောက်ထားသည့် အစိုးရအဖွဲ့နှင့် ပြည်သူ့ကိုယ်စားလှယ်များကို ဖမ်းဆီးထိန်းသိမ်းထားပြီး နိုင်ငံအာဏာ(၃)ရပ်ကို လက်နက်အားကိုးပြီး တရားနည်းလမ်းမကျ အဓမ္မသိမ်းယူထားပြီး အာဏာရှင်စစ်ယန္တရား လည်ပတ်ရန်အတွက်လည်း ပြည်ထောင်စုအစိုးရ အဖွဲ့တစ်ခုကို ပြည်သူ့ဆန္ဒနှင့် ဆန့်ကျင်ထားသည့်ပေါ်  လက်ထောက်ဆရာဝန်များအနေဖြင့် အာဏာသိမ်းအစိုးရလက်အောက်တွင် အလုပ်မလုပ်လိုကြောင်း မိမိတို့ဆန္ဒကို ငြိမ်းချမ်းစွာ ဖော်ထုတ်ပြသသွားမည်ဖြစ်ပြီး Civil Disobedience Campaing ကို ၃ ရက်နေ့မှ စတင်ကြောင်း ကြော်ညာလိုက်သည်။

ဖလမ်းမြို့ ခုတင်(၂၀၀) ဆံ့ ပြည့်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် တစ်ဦးက “ကျတော်တို့လည်း အကုန်လုံးနဲ့ အတူတူရှိတယ်ဆိုတဲ့ ပုံစံသဘောမျိုးလုပ်တာဖြစ်တယ် မြို့နယ်တော်တော်များမှာလုပ်တာဖြစ်တယ် ကျနော်တို့ကလည်း ဒီလိုမျိုးဆိုတော့  အလုပ်လုပ်ရတာ အဆင်မပြေဘူး အဲ့ဒါကြောင့် ကျနော်တို့ကလည်း သဘောထားထုတ်ပြန်တဲ့ သဘောမျိုးဖြစ်တယ်  ကျနော်တို့ ဒီရွေးကောက်ထားတဲ့သူကို ဖြစ်စေချင်တယ် အကုန်လုံးကလည်း မဲထည့်လာပြီး ရလဒ်က ဒီလိုဆိုတော့  အဲဒါတွေကို အမှန်တိုင်းဖြစ်စေချင်တယ် ကျနော်တို့ ဆရာဝန်ကျင့်ဝတ်မှာရှိတယ်  လူနာကို ကြည့်ပြီးရင် ဆက်မကြည့်ဘဲနေလို့ မရဘူး  ဒါပေမယ့် မကြည့်ရသေးတဲ့ လူနာဆိုရင် ကျတော်တို့က မကြည့်လို့ရတယ်”ဟုပြောသည်။

အရပ်သားအစိုးရအဖွဲ့ကို မြန်မာ့တပ်မတော်မှ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီးပြီး အာဏာသိမ်းဆီးခဲ့ခြင်းကို လူမှုကွန်ယက်တွင် ကန့်ကွက်နေကြသည်။

Most read this week

July 20, 2026
ချင်းပြည်၊ တီးတိန်-ရိဒ်ခေါဒါရ် အိန္ဒိယနယ်စပ် လမ်းကြောင်းရှိ ဆောက်လက်စ မံဆောင်းတံတားတွင် ယခုနှစ်...
July 18, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ ကလေး-တမူး အာရှလမ်းမကြီးပေါ်ရှိ ခမ်းပတ်မြို့၌ စစ်တပ်က ဌာနဆိုင်ရာဝန်ထမ်း...
July 15, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် မြေအရောင်းအဝယ်ပြုလုပ်ရာ၌ ပိုင်ဆိုင်မှုအထောက်အထား...
July 14, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ် အထက်ပိုင်းရှိ ကျေးရွာ ၆ ရွာခန့်တွင် မြစ်ရေကြီးမှုကြောင့်...