အပစ်ရပ် အဖွဲ့များနှင့် အစိုးရတို့ ယခုလကုန်တွင် ဆွေးနွေးနိုင်ရန် ညှိုနှိုင်းလျက်ရှိ

အပစ်ရပ် အဖွဲ့များနှင့် အစိုးရတို့ ယခုလကုန်တွင် ဆွေးနွေးနိုင်ရန် ညှိုနှိုင်းလျက်ရှိ

NCA အပစ်ရပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များနှင့် အစိုးရ တို့ ဇန္နဝါရီလ လကုန်ပိုင်းတွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်ရန် ညှိနှိုင်းနေကြသည်ဟု မြန်မာနိုင် ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကပြောသည်။

NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်သည့် ABSDF ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်း က “ညှိနှိုင်းနေတယ်ဆိုတဲ့ သဘောလောက်ပဲ ပြောနိုင်တယ်နော်။ အခု ကတော့ ၂၈ ရက်နေ့မှာ တွေ့ဖို့အတွက် ကတော့ နှစ်ဖက် ညှိနှိုင်းနေတာပေါ့နော။ အွန်လိုင်းကပဲ ဖြစ်မှာပေါ့ အလွတ်ဘောပါပဲ။ နှစ်ဖက်ကတော့ အဆိုပြုထားကြတယ်။ ညှိနှိုင်းနေတယ်” ဟု ပြောသည်။

အစိုးရနှင့် NCA အပစ်ရပ်အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်မည် ဆို ပါက စတုတ္ထအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ ပြီးနောက် ဆက်လက်လုပ်ဆောင်ရမည့် ငြိမ်းချမ်းရေး လုပ် ငန်းစဉ် ကိစ္စရပ်များကို အပစ်ရပ်အဖွဲ့များဖက်မှ အဓိကထား ဆွေးနွေးသွားကြမည်ဟု ဦးမျိုးဝင်းက ဆက် ပြောသည်။

“အဓိကကတော့ ညီလာခံ ပြီးကတည်းကနေပြီးတော့ ရွေးကောက်ပွဲနဲ့ အခြေအနေတွေကို စောင့် ကြည့် နေရတာပေါ့ အဲဒီအနေအထားအပေါ်မှာ မူတည်ပြီးတော့ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရွေး ကောက် ပွဲပြီးတဲ့နောက်မှာ စတုတ္ထအကြိမ် ပင်လုံပြီးတဲ့နောက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဘယ်လို ဆောင်ရွက် မ လဲ ဆိုတာ Process ကိုပဲ ဆွေးနွေးမှာပါ။ ကျန်တာ အသေးစိတ်ကတော့ ဆွေးနွေးဖို့ မရှိသေးပါဘူး” ဟု ပြောသည်။

ထို့အပြင် ဆက်လက်လုပ်ဆောင်ရမည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပြင် တစ်ဖွဲ့ချင်းစီနှင့် သက်ဆိုင်သည့် အပစ်ရပ် သဘောတူချက်ဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးမှုများရှိနိုင်သည်ဟု ABSDF ဒု-ဥက္ကဋ္ဌ က ပြော သည်။

ဦးမျိုးဝင်းက “ငြိမ်းချမ်းရေး လုပ်ငန်းစဉ် Process ဘယ်လိုစမလဲ ဆိုတာဟာကိုပဲ အဓိက ဆွေးနွေးရ မှာပါ။ ကျန်တဲ့ ကိစ္စတွေဟာ ရှိကောင်းရှိနိုင်တယ်။ ဒါကတော့ တစ်ဖွဲ့ချင်းဆွေးနွေးရမယ့် Bilateral သွားရ မယ့် ကိစ္စတွေက ရှိမှာပေါ့နော” ဟု ပြောသည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD ပါတီက အစိုးရသစ် မဖွဲ့စည်းနိုင်မီအချိန်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အလွတ်သဘော ဆွေးနွေးညှိနှိုင်း နိုင်ရန်အတွက် NCA အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များက ယာယီတွေ့ဆုံဆွေးနွေးညှိနှိုင်းရေး အဖွဲ့တစ်ခုကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ အတွင်းက ပြုလုပ်သည့် အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ PPST အစည်းအဝေးတွင် ဖွဲ့စည်းထားသည်။

PPST ၏ ထို ယာယီ တွေ့ဆုံညှိနှိုင်းရေးအဖွဲ့ကို RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်း က ဦးဆောင်မည်ဖြစ်ပြီး အ ပစ်ရပ် ၁၀ ဖွဲ့က ကိုယ်စားလှယ် တစ်ယောက်စီ ပါဝင်မည်ဟု သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF၊ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊  ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ် မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဖြစ်ကြသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...