ဘေးလမိုင်းကျေးရွာလူငယ်(၃)ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀၀ ကို ကမာဝက်မြို့အနီးဖမ်းဆီးရမိ

ဘေးလမိုင်းကျေးရွာလူငယ်(၃)ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀၀ ကို ကမာဝက်မြို့အနီးဖမ်းဆီးရမိ

မုဒုံမြို့နယ် ကမာဝက်မြို့ စိန်တောင်ရပ်ကွက် ဇီးပင်လမ်းဝတွင် ဇန်နဝါရီလ ၁၈ ရက် မွန်းလွဲအချိန်ခန့်က ဘေးလမိုင်းကျေးရွာ လူငယ်(၃)ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၀၀ ခန့်ကို ကမာဝက်နယ်မြေရဲစခန်းထံမှ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ကမာဝက်နယ်မြေရဲစခန်းမှူး ရဲအုပ်ကျော်မြင့်နိုင်က "သတင်းအရ မူးယစ်တပ်ဖွဲ့ဝင်တွေနဲ့ ကျနော်တို့ ပူးပေါင်းအဖွဲ့တွေ စောင့်ဆိုင်းဖမ်းဆီးကြတာပါ၊ လူငယ် ၃ ယောက်ကို မူးယစ်ဆေးပြား ၃၇၀၀ နဲ့မိတယ်၊ ဖမ်းမိတာက PM ဆီဆိုင်နားက နားနေဆောင်မှာ သူတို့ထိုင်နေတဲ့ချိန် ဝင်ရောက်စစ် ဆေးတော့မိတာပါ၊ ဥပဒေအတိုင်း အရေးယူဆောင်ရွက်ထားပါတယ်"ဟု ပြောသည်။

ရေးမြို့နယ်မြောက်ပိုင်း ဘေးလမိုင်းကျေးရွာနေ အောင်ကိုသက် (၂၂ နှစ်)၊ ကျော်ရီ(၂၂) နှစ် နှင့် ဖိုးချစ် (၁၉)နှစ်တို့ (၃)ဦးကို မသင်္ကာ၍ စစ်ဆေးရာမှ အဆိုပါမူးယစ်ဆေးဝါးများ လက်ရဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး အောင်ကိုသက် အပါ(၃)ဦးကို ကမာဝက်နယ်မြေရဲစခန်းမှ မယ(ပ)၃/၂၀၂၁ မူး/စိတ်ပြောင်း ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားရှိသည်။

ကမာဝက်မြို့ခံ အငြိမ်းစားအထက်တန်းကျောင်းဆရာအ ဦးမင်းကျော်ဝင်းက "ဒီမူးယစ်ဆေးကြောင့် လူငယ်တွေရဲ့အနာဂါတ်ပျက်ဆီးကုန်ပြီ၊ ၊လူညွှန့်တုံးကုန်ပြီး၊ ကြာရင် လူမျိုးပါပျောက်သွားနိင်တယ်၊ များများဖမ်းဆီးဖို့ လိုပါတယ်၊စာသင်ကျောင်းတွေဖွင့်တဲ့ချိန်တွေမှာ အသိပညာပေးလုပ်ငန်းတွေ များများပြုလုပ်ဖို့လိုပါတယ်။ ဆရာတို့စာရေးဆရာအသင်းအနေနဲ့လည်း မူးယစ်ပညာပေးလုပ်ငန်းတွေ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်"ဟု ပြောသည်။

သို့ရာတွင် မွန်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး တဆင့်ဖြန့်ဖြူးရောင်းချသူ ကိုင်းဖျားကိုင်းနားများကိုသာ ဖမ်းဆီးရနေပြီး လက်ကြီးသမားများအား ဖော်ထုတ်ဖမ်းဆီးခြင်းနိုင်ခြင်းမရှိသေးပေ။

March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...