မွန်လွှတ်တော် ဖေဖော်ဝါရီ ၉ တွင် စတင်မည်

မွန်လွှတ်တော် ဖေဖော်ဝါရီ ၉ တွင် စတင်မည်

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ကို ၂၀၂၁ ခုနစ် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဟု လွှတ်တော်က ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်လွှတ်တော်သစ်ကို အဆင်ပြေချောမွေ့စွာနှင့် စတင်လည်ပတ်သွားနိုင်ရန် လက်ရှိလွှတ်တော်က မဟာဗျူဟာစီမံကိန်း ရေးဆွဲပြီး ဆောင်ရွက်ထားသည်ဟု မွန်ပြည်နယ် လွှတ်တော် ဥက္ကဌ က ပြောသည်။

“တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ သက်တမ်းစစမှာ ချောမွေ့စွာ အဆင်ပြေစွာ လွှဲပြောင်းပေးဖို့ ဆောင်ရွက်ထားပြီးသားဖြစ်ပါတယ်။ အဲလိုဆောင်ရွက်ထားတဲ့နေရာမှာ မွန်ပြည်နယ် ဒုတိယအကြိမ် လွှတ် တော်မှာကတည်းက မဟာဗျူဟာစီမံကိန်း ရေးဆွဲထားပါတယ် ၂၀၁၇ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ဆိုတော့ကာ ၂၀၂၁ မှာ တက်မယ့် လွှတ်တော်ဥက္ကဌ လွှတ်တော်သည် ရေးဆွဲထားသော မဟာဗျူဟာစီမံကိန်းအရ ၂၀၂၂ ဆို တော့ ဒီဗျူဟာကို ကြည့်ချင်းအားဖြင့် သက်တမ်းတစ်နှစ်လောက် ဆက်လက်လုပ်နိုင်တာပေါ့ နောက်ပြီးတော့ ချောမွေ့မှာဖြစ်ပါတယ်” ဟု မွန်ပြည်နယ် လွှတ်တော် ဥက္ကဌ ဒေါ်တင်အိက ပြောသည်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမအကြိမ်အစည်းအဝေးကို ဒုတိယအကြိမ် လွှတ်တော်ဥက္ကဌက တာဝန်ယူ လုပ်ဆောင်ပေးရမည်ဖြစ်ပြီး အဆိုပါအစည်းအဝေးပထမနေ့တွင် ပေါ်ထွက်လာသည့် လွှတ်တော် ဥက္ကဌ ထံ လွှတ်တော်လုပ်ငန်းဆိုင်ရာများကို လွှဲပြောင်းပေးသွားမည်ဟု လက်ရှိလွှတ်တော်ဥက္ကဌက ပြောသည်။

“ဒုတိယအကြိမ် လွှတ်တော်ဥက္ကဌက အားလုံး တာဝန်ယူလုပ်ပေးရတယ် အဲဒီပထမနေ့မှာပဲ သဘာပတိရွေးမယ် ဥက္ကဌ ပေါ်မယ် ဒုဥက္ကဌပေါ်မယ် အဲဒီဖြစ်ပေါ်လာတဲ့ ဥက္ကဌကို အန်တီတို့က လွှဲပေးမယ်”

၎င်းအပြင် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းက ဖွဲ့စည်းထားခဲ့သည့် လွှတ်တော် ရေးရာကော်မ တီ ၈ ခုတို့၏ ၅ နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များ အစီရင်ခံစာများကိုလည်း တတိယအကြိမ် လွှတ် တော်သို့ လွှဲပြောင်းပေးနိုင်ရန်ကိုလည်း ဆောင်ရွက်ထားပြီးဖြစ်သည်ဟု လွှတ်တော် ဥက္ကဌက ဆက်ပြောသည်။

မွန်ပြည်နယ်လွှတ်တော်ကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးနှင့် တပ်မတော်သား ကိုယ်စားလှယ် ၈ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးတို့ဖြင့် ဖွဲ့စည်းထားသည်။

မွန်ပြည်နယ်တွင် ပြီးခဲ့သည့် ရွေးကောက်ပွဲအတွင်း မွန်ညီညွတ်ရေးပါတီ (MUP)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီ (NLD) တို့ကသာ အနိုင်ရရှိထားခဲ့သည်။

ထို့ကြောင့် လာမည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ပါဝင်ကြမည့် ကိုယ်စားလှယ်များသည် အမျိုး သားဒီမိုကရေးအဖွဲ့ချုပ် (NLD) ပါတီမှ ကိုယ်စားပြု ကိုယ်စားလှယ် ၁၇ ဦး မွန်ညီညွတ်ရေးပါတီ(MUP) ကိုယ် စားပြု ကိုယ်စားလှယ် ၆ နှင့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦးတို့ ဖြစ်ကြသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...