NCA အပစ်ရပ်အဖွဲ့များ အစိုးရ နှင့် တွေ့ဆုံရန် ရှိသော်လည်း အပစ်ရပ်အဖွဲ့များဘက်မှ အဆင်သင့်မဖြစ်သေးကြောင်း အပစ်ရပ် ၁၀ ဖွဲ့တွင် ပါဝင်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ပြောသည်။
လက်ရှိတွင် အစိုးရဖက်မှ တွေ့ဆုံဆွေးနွေးရန် အဆင်သင့် အနေအထားတွင် ရှိနေပြီး အပစ်ရပ်အဖွဲ့များက အဖွဲ့ ဆယ်ဖွဲ့အတွင်း သဘောထား တစ်ခုတည်း ရရှိအောင် ညှိနှိုင်းနေရသည့်အခြေအနေတွင် ရှိ နေသည် ဟု ABSDF ဒု-ဥက္ကဋ္ဌ ဦးမျိုးဝင်းက ပြောသည်။
ဦးမျိုးဝင်းက “ရွေးကောက်ပွဲ ပြီးပြီ ဆိုတာနဲ့ နှစ်ဖက် အလွတ်သဘော တွေ့ဆုံဖို့ဆိုတာတော့ အစိုးရဖက်မှာ သဘော ထားရှိတယ်။ PPST ကလည်းပဲ သဘောတူတယ်။ အစိုးရဖက်ကတော့ ဒီ informal (တရားမဝင်) တွေ့ဖို့ အ တွက်ကတော့ သူတို့ ဖက်မှာတော့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမယ့် EAOs ဖက်မှာတော့ ညှိနှိုင်းနေရတဲ့ အခြေအနေမှာ ရှိတာပေါ့နော်။ အဓိကကတော့ ညှိနှိုင်းရမယ့် ဆောင်ရွက်ရမယ့် ကိစ္စတွေကလည်း အဆင် သင့် ဖြစ်ဖို့အတွက် လိုသေးတာပေါ့နော်။ တွေ့ဆုံတယ်ဆိုတာကလည်း အဆင်သင့်ဖြစ်မှုအပေါ်မှာ မူတည် တာ ပေါ့နော။ တစ်ဖွဲ့ချင်းစီ ညှိနှိုင်းရတဲ့ အနေအထားမျိုး မဟုတ်တာကိုး။ ဆယ်ဖွဲ့ရှိရင် ဆယ်ဖွဲ့ အတွင်း မှာ အမြင်တူအောင် ညှိနှိုင်းရတာကိုး” ဟု ပြောသည်။
အပစ်ရပ် အဖွဲ့ များမှ လက်ရှိ ကြုံတွေ့နေရသည့် ခက်ခဲမှုများနှင့် ပတ်သက်၍လည်း ဦးမျိုးဝင်းက ယခုကဲ့သို့ ဆက်ပြော သည်။
၎င်းက “ပထမ အခက်အခဲကျတော့ ရောဂါ အခြေအနေ အကန့်အသတ်ပေါ့။ အဖွဲ့တွေ ဆုံပြီးတော့ လူတွေ ဆုံပြီးတော့ မထိုင်နိုင်ဘူးလေ။ မထိုင်နိုင်တဲ့အတွက် အွန်လိုင်းပေါ်ကနေ ညှိရတယ်။ အွန်လိုင်းပေါ်က ညှိရ တဲ့ ဆိုတဲ့ အနေအထား အပေါ်မှာ မူတည်ပြီးတော့ နည်းနည်းတော့ အခက်အခဲရှိတာပေါ့။ စီမံခန့်ခွဲမှုကိစ္စ မ ဟုတ်ပဲနဲ့ နိုင်ငံရေးကိစ္စတွေ အွန်လိုင်းပေါ်ကနေ ညှိရတာတော့ နည်းနည်း အချိန်ယူရတယ်လေ။” ဟု ပြောသည်။
ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် NLD ပါတီက အစိုးရသစ် မဖွဲ့စည်းနိုင်မီအချိန်တွင် ငြိမ်းချမ်းရေး လုပ် ငန်းစဉ်များကို အလွတ်သဘော ဆွေးနွေးညှိနှိုင်း နိုင်ရန်အတွက် NCA အပစ်ရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များက ယာယီတွေ့ဆုံဆွေးနွေးညှိနှိုင်းရေး အဖွဲ့တစ်ခုကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ အတွင်းက ပြုလုပ်သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအ ဝေးတွင် ဖွဲ့စည်းထားသည်။
PPST ၏ ထို ယာယီ တွေ့ဆုံညှိနှိုင်းရေးအဖွဲ့ကို RCSS မှ ဗိုလ်မှူးကြီးစိုင်းငင်း က ဦးဆောင်မည်ဖြစ်ပြီး အပစ် ရပ် ၁၀ ဖွဲ့က ကိုယ်စားလှယ် တစ်ယောက်စီ ပါဝင်မည်ဟု သိရသည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမိုရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ် ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။







