သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းတို့ကို အမှုကြားနာရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဆင့်ခေါ်

သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းတို့ကို အမှုကြားနာရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဆင့်ခေါ်

သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းအပါအဝင် ၂၅ ဦးတို့ကို အမှုကြားနာရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆင့်ခေါ်လိုက်ကြောင်း သိရသည်။

 

သမ္မတဦးဝင်းမြင့်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းအပါအဝင် ၂၅ ဦးတို့ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၉ ရက် နံနက် ၉ နာရီခွဲ အချိန်မှစ၍ တရားသူကြီးသုံးဦးရှေ့၌ Video Conferencing စနစ်ဖြင့် အမှုတွေကြားနာသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အမှုကြားနာမှုသည် အာဏာပေးစာချွန်တော် သို့မဟုတ် အာဏာပိုင်မေးစာချွန်တော်နှင့် အမှုခေါ်စာချွန်တော်အမိန့် ထုတ်ဆင့်ပေးပါရန် လျှောက်လွှာအပေါ် ကနဦး လက်ခံသင့်၊ မသင့် ကြားနာရန်ဖြစ်ကြောင်း သိရသည်။

 

သမ္မတဦးဝင်းမြင့်အပါအဝင် လေးဦးကို မန္တလေးက အမျိုးသားရေးရှေ့နေ ဦးဇော်ဝိတ်ကလည်းကောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းအပါအဝင် ၁၅ ဦးကို အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီဥက္ကဌ သရေစည်သူဦးစိုးမောင်နှင့် ပြည်ခိုင်ဖြိုးပါတီမှ တာဝန်ပေးအပ်ခံရသူ ဗဟိုအလုပ်မှုဆောင်ဦး လှသိန်းကလည်းကောင်း တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ထို့ပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန အယူခံအဖွဲ့ ဥက္ကဌအပါအဝင် နှစ်ဦးကို ဦးမင်းမင်းကျော်၊ ဦးကျော်စွာဝင်းပါ ၁၀ ဦး၏ တရားရုံးကိုယ်စားလှယ် ဦးစိုးနိုင်ဦးနှင့် ဦးသိန်းဟန်ပါ ၂၃ ဦးကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဌအပါအဝင် လေးဦးကို ဒေါ်ခင်မြတ်မော်၏ကိုယ်စား ဦးအောင်ပြည့်ကလည်းကောင်း တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...