ချင်းဝန်ကြီးချုပ်နေရာအတွက် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး အတွေ့အကြုံရှိသည့် ပြည်သူ့ကိုယ်စားလှယ်ကို ရွေးချယ်ခန့်အပ်ရန် ချင်းအရပ်ဖက်အဖွဲ့အစည်းရှစ်ဖွဲ့ တောင်းဆို

ချင်းဝန်ကြီးချုပ်နေရာအတွက် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး အတွေ့အကြုံရှိသည့် ပြည်သူ့ကိုယ်စားလှယ်ကို ရွေးချယ်ခန့်အပ်ရန် ချင်းအရပ်ဖက်အဖွဲ့အစည်းရှစ်ဖွဲ့ တောင်းဆို

လာမည့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ဝန်ကြီးချုပ်နေရာအတွက် နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး အတွေ့အကြုံရှိသည့် ပြည်သူ့ကိုယ်စားလှယ်ကိုရွေးချယ်တာဝန်ပေးရန် ချင်းအရပ်ဖက် လူမှုအဖွဲ့အစည်းရှစ်ဖွဲ့က ဒီဇင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ချက်ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။

 

ယင်းထုတ်ပြန်ချက်နှင့်ပက်သက်၍ ပြောရေးဆိုခွင့်ရှိ ပီတာလွယ်လူးက “လက်ရှိဝန်ကြီးချုပ်လည်း ကောင်းပါတယ်။ ကျွန်တော်တို့ သတင်းကြားတာတော့ လာမယ့် အစိုးရသက်တမ်းမှာ လက်ရှိဝန်ကြီးချုပ်ကို ထပ်ရွေးဖို့ သတင်းကြားတယ်။ ဆိုတော့ ဒီထက် ပိုအရည်ချင်းရှိတဲ့သူ ဘတ်စုံမှာ အတွေ့ကြုံရှိတဲ့သူကို လိုချင်တယ်။ ဒီငါးနှစ်သက်တမ်းမှာ သူလည်းလုပ်နိုင်ခဲ့ပြီ။ လာမယ့် ငါးနှစ်မှာNLD ပုံရိပ်ကို ပိုကောင်းအောင် ချင်းပြည်နယ်ကိုလည်း ပိုတိုးတက်အောင် လုပ်နိုင်တဲ့သူ ချင်းပြည်သူတွေရဲ့ ဆန္ဒနဲ့ တစ်ထပ်ထဲ လုပ်နိုင်တဲ့ ဝန်ကြီးချုပ်ကို ခန့်စေချင်လို့ ထုတ်ပြန်ချက် ထုတ်လိုက်တာဖြစ်တယ်” ဟုပြောသည်။



 

တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်သက်တမ်းတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်နေရာအတွက် အတွေ့အကြုံပြည့်ဝသည့် ပြည်သူ့ကိုယ်စားလှယ်ရွေးချယ် တာဝန်ပေးအပ်နိုင်ရေးအတွက် ချင်းအရပ်ဖက် အဖွဲ့အစည်း ရှစ်ဖွဲ့ဖြစ်သည့် khumi Youth Association (KYA)၊ khumi Youth Association (yangon)၊ Thrid Eye Organization၊ Vabawk Organization၊ တောင်ဇလပ်လူငယ်အဖွဲ့၊ Cho Women Organization၊ Matu Social Development Organization နှင့် Center Chin Youth Organization တို့က ပူးပေါင်း ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် မကြာမီဖွဲ့စည်းမည့် တတိယအကြိမ် ချင်းပြည်နယ်လွှတ်တော်သက်တမ်း အတွက် ချင်းပြည် နယ်အစိုးရအဖွဲ့ခေါင်းဆောင်ဝန်ကြီးချုပ် တာဝန်ပေးအပ်ရာ၌ ချင်းပြည်နယ်တစ်ဝှမ်းတရားမျှတမှုကို ဖော်ဆောင်နိုင်ပြီး ရေရှည်တည်တံ့သော ဖွဲ့ဖြိုးရေးအမြင်ရှိသူ၊ နယ်မြေအေးချမ်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုး ရေးကိုဖော်ဆောင်နိုင်ရေးအတွက် အရပ်ဘက်စစ်ဘက်ညှိနှိုင်းဆောင်ရွက်နိုင်သူ၊ ကိုယ်ကျိုးစီးပွားကို ဖက်တွယ် ခြင်းမပြုဘဲ အမျိုးသားအကျိုးစီးပွားအကျိုးပြုစိတ်ဓါတ်ဖြင့် မည်သည့်အဖွဲ့အစည်းနှင့်မဆို အပြုသဘောဆောင် ဆက်ဆံနိုင်သူ၊ အစိုးရတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း အမည်ပျက်သတင်း ထွက်ပေါ်ခြင်းမရှိသူ၊ ကျောသားရင်သားခွဲခြားခြင်းမရှိသူ စသည်များဖြင့် ကိုက်ညီသည့် ပြည်သူ့ကိုယ်စားလှယ်ကိုသာ ရွေးချယ်တာဝန်ပေး အပ်နိုင်ပါရန်တောင်ဆိုအပ်ပါကြောင်း ဖော်ပြထားသည်။

 

ထို့ပြင် ချင်းပြည်နယ်သည် နိုင်ငံအတွင်း ဆင်ရဲမွဲတေမှု အမြင့်ဆုံတွင်ရှိနေခြင်း၊ စစ်တမ်းတစ်ခုအရ လာဘ်ပေးလာဘ်ယူမှု အမြင့်ဆုံတွင်ရှိနေခြင်း၊ ပြည်နယ်တွင်း ဘတ်ဂျက်ခွဲဝေမှု မညီမျှခြင်း၊ အစိုးရအဖွဲ့ခေါင်းဆောင်၏ စီမံခန့်ခွဲမှု အားနည်းခြင်းများကြောင့် အထက်ပါအရည်အချင်းနှင့်ပြည့်စုံသူကို တာဝန်ပေးအပ်သင့်သည်ဟု ၎င်းထုတ်ပြန်ချက်တွင် ရေသားထားသည်။

လက်ရှိ ရွေးကောက်ပွဲအနိုင်ရ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များထဲတွင် လက်ရှိစည်ပင်၀န်ကြီး ဦးစိုးထက်တစ်ဦးသာ တပ်မတော်တွင်ဒုတိယဗိုလ်မူးကြီးအဆင့်အထိ တာ၀န်များထမ်းဆောင်ဖူးသူဖြစ်သည်။

 

မကြာမီ ပြန်လည်ဖွဲ့စည်းမည့်အစိုးရတွင် လက်ရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး ၀န်ကြီးချုပ်များထဲမှ ထက်၀က်ခန့် ပြန်ပါ၀င်လာနိုင်ကြောင်း NLD ပါတီပြောရေးဆိုခွင့်ရှိသူ မုံရွာအောင်ရှင်က မီဒီယာများကို ဖြေကြားထားသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...