မွန်တွင် ရွေးကောက်ပွဲကုန်ကျစရိတ် လာရောက်မတင်သွင်းသည့် ကိုယ်စားလှယ်လောင်း ခုနှစ်ဦးရှိ

မွန်တွင် ရွေးကောက်ပွဲကုန်ကျစရိတ် လာရောက်မတင်သွင်းသည့် ကိုယ်စားလှယ်လောင်း ခုနှစ်ဦးရှိ

စိုင်းထွန်းစံ — မွန်ပြည်နယ်ရှိ ခရိုင်နှစ်ခုနှင့် တိုင်းရင်းသားလူမျိုးများ ကိုယ်စားလှယ်လောင်းများထဲတွင် သက်မှတ်ရက်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် လာရောက်မတင်သွင်းသည့် လွှတ်တော်ကိုယ်စားလှယ် ၇ ဦးရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ထံမှသိရသည်။

ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော် နှင့် တိုင်းရင်းသားလူမျိုးများ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၅၆ ဦးရှိသည့်အနက် ရွေးကောက်ပွဲကုန်ကျစရိတ် လာရောက်တင်သွင်းသူ ၂၄၉ ဦးရှိကြောင်း သိရသည်။

“ကြေညာထားပါတယ် ကျနော်တို့ကြေညာသင်ပုန်းမှာ စာရင်းတွေကို အကုန်းလုံးကပ်ထားပေးပါတယ်။ အစီရင်ခံစာ တင်သွင်းတာတွေ၊ မတင်သွင်းတာတွေကို အရည်အချင်းပျက်ယွင်းသူလို့ တင်သွင်းသင့်တဲ့ လူတွေကို နည်းဥပဒေ ၈၁ အရ အကုန်လုံး ကြေညာပါတယ်” ဟု မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက် ကပြောကြားသည်။

ဗမာ၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားလူများ ကိုယ်စားလှယ်လောင်း ၁၉ ဦးရှိသည့်အနက် သက်မှတ်ရက်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် လာရောက်မတင်သွင်းသည့် ကရင်တိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်ကြောင်း သိရသည်။

မော်လမြိုင်ခရိုင်တွင် ရွေကောက်ပွဲ ကုန်ကျစရိတ် လာရောက်မတင်သွင်းသည့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၂ဦးရှိပြီး သထုံခရိုင်တွင် ၄ ဦးရှိကြောင်း သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ ထံမှသိရသည်။

“ပြည်သူ့လွှတ်တော်မှာ ဝင်ရောက်ယှဉ်ပြိုင်တာတစ်ဦး၊ အမျိုးသားလွှတ်တော် မှာဝင်ရောက်ယှဉ်ပြိုင်တာတစ်ဦး ။ ပြည်သူ့လွှတ်တော်မှာ ပြိုင်တဲ့တစ်ဦးက ကျိုက်မရော ဦးအုန်းဖေ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၆) ကဝင်ပြိုင်တဲ့ ဦးဗညာအောင်ခိုင်။ အဲ့ဒီနှစ်ယောက်ပေါ့နော်” ဟု မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်က ပြောကြားသည်။

မော်လမြိုင်ခရိုင်တွင် ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်သည့်ပါတီ ၁၀ ခုရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၂၉ ဦးရှိသည့် အနက် သက်မှတ်ရက်ပြည့်သည်အထိ ရွေးကောက်ပွဲကုန်ကျစရိတ် လာရောက်တင်သွင်းသူ ၁၂၇ ဦးရှိကြောင်း သိရသည်။

“ဘယ်လောက်ကျန်လဲ ဆိုတော့ လေး ဦးကျန်သေးတယ်။ ရုံးချုပ် UEC ကိုအစီရင်ခံစာတက်ရမယ် UEC ကနေမှ အဲ့ဒီလူတွေကို တိုက်ရိုက်ဆက်သွယ်မယ်။ အဲ့ခါကျရင်လဲ အဲ့ဒီလူတွေ အနေနဲ့ အယူခံဝင်တာတွေ ရုံးချုပ်နဲ့ ပြန်ပြီးတော့ သူတို့ဆောင်ရွတ်လို့ရတယ်ပေါ့ ဥပဒေ နည်းဥပဒေအတိုင်း နောက်ဆုံးအနေထားကတော့ ရုံးချုပ်က ဆုံးဖြတ်မှာပဲဖြစ်ပါတယ်” သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွန်ကြားရေးမှူး ဦးသက်နိုင်ဦး ကပြောသည်။

သထုံခရိုင်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့်ပါတီ ၁၃ ခုရှိပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၈ ဦးရှိသည့်အနက် သက်မှတ်ရက်မှာ ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းသူ ၁၀၂ ဦးရှိကြောင်း သိရသည်။

ရွေးကောက်ပွဲ ကုန်ကျစရိတ်မတင်သွင်းသည့် ကိုယ်စားလှယ်လောင်းများ အနေဖြင့် အရည်အချင်းပျက်ယွင်းသူ အဖြစ်သတ်မှတ်ခံရမည်ဖြစ်ပြီး ယင်းသို့ ကြေညာခံရသူသည် ဥပဒေပုဒ်မ ၈၈(ဂ) အရ လက်ရှိလွှတ်တော်သက်တမ်းအတွင်း ကျင်းပတဲ့ ကြားဖြတ် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိတော့ပဲ နောက်လွှတ်တော်သက်တမ်းအတွက် ကျင်းပသည့် ရွေးကောက်ပွဲတွင်သာ ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...