ကချင်၊ ကရင်၊ ချင်းပြည်နယ်များတွင် NLD က အပြတ်အသတ်နိုင်

ကချင်၊ ကရင်၊ ချင်းပြည်နယ်များတွင် NLD က အပြတ်အသတ်နိုင်

ကချင်၊ ကရင်၊ ချင်း စသည့် ပြည်နယ်များတွင် အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီက အပြတ် အသတ် အနိုင်ရရှိခဲ့ပြီး ကယား၊ မွန်ပြည်နယ်တို့တွင်လည်း အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရရှိခဲ့သည်ဟု သက် ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ များထံမှ သိရသည်။

ချင်းပြည်နယ်တွင် မဲဆန္ဒနယ် ၃၉ နေရာ ရှိသည့်အနက် လွှတ်တော်သုံးရပ်လုံးအတွက် NLD ပါတီက ၃၆ နေရာ အထိ အနိုင်ရရှိခဲ့သည်။

ချင်းပြည်နယ်၏ NLD ပါတီဥက္ကဋ္ဌ ဦးဇိုဘွေ့ က “ဒီတစ်ခါက ကျနော်တို့က ၃၉ နေရာမှာ ၃၆ နေရာ နိုင်တယ် နော်။ ရာခိုင်နှုန်းအားဖြင့်က ၉၂.၃ နဲ့ အနိုင်ရရှိပါတယ်။ ဒါကြောင့် ဘယ်ပါတီမှ မခေါ်ပဲနဲ့ အစိုးရဖွဲ့ ဖို့အတွက် စီ စဉ်ထားပါတယ်။ ကျနော်တို့က ၂၀၁၅ ထက် ပိုပြီး ဒီတခါမှာ သာသွားတာပါ” ဟု ပြောသည်။

NLD ပါတီသည် ချင်းပြည်နယ်တွင် ၂၀၁၅ ရွေးကောက်ပွဲအချိန်ကထက် ၆ နေရာ ပို အနိုင်ရရှိခဲ့ရာ လက်ရှိတွင် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားနေသည့် ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင်လည်း မဲဆန္ဒနယ် ၅ နေရာစလုံးတွင် အနိုင်ရရှိခဲ့သည်။

NLD ပါတီအနေဖြင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်အပြင် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ဖလမ်း၊ ထန်လတန်၊ တီးတိန် စသည့် မြို့နယ် ၇ မြို့နယ်ရှိ မဲဆန္ဒနယ်မြေအားလုံးတွင် အနိုင်ရရှိခဲ့ပြီး ဟားခါးမြို့နယ်တွင် ၄ နေရာနှင့် တွန်းဇံမြို့နယ်တွင် ၂ နေရာစုစုပေါင်း ၃၆ နေရာအနိုင်ရရှိကာ မဲဆန္ဒနယ်မြေ ၃ နေရာတွင် သာ ရှုံးနိမ့်သည်။

NLD ပါတီ ရှုံးနိမ့်ခဲ့သည့် နေရာ ၃ နေရာထဲမှ ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်အမှတ်-၁ တွင် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD) တစ်နေရာ၊ တွန်းဇံမြို့နယ်တွင် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီက  ပြည်သူ့လွှတ် တော် မဲဆန္ဒနယ်မြေတွင် တစ်နေရာ နှင့် ပြည်နယ်လွှတ်တော် အမှတ် (၂) နယ်မြေတွင် တစ်နေရာ အနိုင်ရရှိ ခဲ့ ကြသည်။

ထို့အတူ ကချင်ပြည်နယ်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၇၃ ရာခိုင်နှုန်းခန့် အနိုင်ရရှိသည်ဟု သိရ သည်။

ကချင်ပြည်နယ်၏ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ)ဦးဒိတ်က ပြည်နယ်အတွင်း NLD ပါတီ၏ မဲရရှိမှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်၍ “လက်ရှိက ပြည်နယ်ထဲမှာ ကျနော်တို့က ၃၆ နေရာမှာ ၂၉ နေရာ လောက် နိုင်ထားတယ်။ အစိုးရဖွ့ဲဖို့တောင်ပိုနေသေးတယ်။ ၂၆ ဆိုရင် အစိုးရဖွဲ့လို့ရတာဆိုတော့လေ။ ၃၆ နေရာမှာ ပြည်သူတွေက မှန်မှန်ကန်ကန်စဉ်းစားတွေးခေါ်တတ်လို့ အခုလိုနိုင်တာ။ ပါတီဆိုက်ကတော့ ပြည်နယ် ကတော့ ဗဟိုညွှန်ကြားချက်အတိုင်းပဲ သွားရမှာပေါ့။ အခုဒီစာရင်းက အတည်ပြု တယ်ဆိုတာက ကျနော်တို့ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အောင်နိုင်ရေးအဖွဲ့ ချိတ်ဆက်ပြီး ရတဲ့ဟာနော်။ ပြည်နယ် ကော် မရှင်က အတည်ပြုတဲ့ဟာတော့ မဟုတ်သေးဘူးနော်” ဟု ပြောသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ NLD အနေဖြင့် ကချင်ပြည်နယ်အတွင်း ဗမာတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး၊ ရဝမ်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးနေရာများတွင်လည်း အနိုင်ရရှိခဲ့သည်။

ကရင်ပြည်နယ်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီက တိုင်းရင်းသားရေးဝန်ကြီးအပါအဝင် လွှတ်တော်နေရာ ၃၆ နေ ရာရှိသည့်အနက် NLD ပါတီက နေရာ ၃၀ တွင် အနိုင်ရှိထားပြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ၄ နေရာ၊ ကရင်ပြည်သူ့ပါတီ(KPP) က သံတောင်မြို့နယ်တွင် တစ်နေရာ၊ ကရင်ပြည်နယ်အတွင်း မွန်ညီညွတ် ရေးပါတီက မွန်တိုင်းရင်းသားရေးရာဝန်ကြီးနေရာတို့တွင် အနိုင်ရရှိထားသည်။

မွန်ပြည်နယ်တွင် လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က လွှတ်တော်နေရာ အများဆုံး အနိုင်ရထားပြီး မွန်ညီညွှတ်ရေးပါတီ MUP က ဒုတိယအများဆုံး အနိုင်ရထားသည်ဟု သိရသည်။

မဲစာရင်းစီစစ်မှု မပြီးဆုံးသေးသော်လည်း မွန်ညီညွှတ်ရေးပါတီ MUP က လက်ရှိအချိန်အထိ လွှတ် တော် နေရာ ၁၂ ရာ အနိုင်ရရှိထားသည်။ မွန်တစ်ပြည်နယ်လုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က မဲဆန္ဒ နယ် ၃၄ နေရာ အနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီက ၁၁ နေရာ အနိုင်ရရှိခဲ့သည်ဟု ခရိုင် ရွေး ကောက် ပွဲ ကော် မရှင် အဖွဲ့ ခွဲ နှင့် မွန်ညီညွှတ်ရေးပါတီ MUP က အထွေထွေ အတွင်းရေးမှူး ၁ နိုင်လယိတမ က ပြောသည်။

ကယားပြည်နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက မြို့နယ်ပေါင်း ၇ မြို့နယ်ရှိသည့်အနက် ၄ မြို့နယ်တွင် အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်နေရာများတွင် အပြတ် အသတ်အနိုင်ရရှိခဲ့သည်။

သို့သော် ဖရူဆိုမြို့နယ်တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP က နေရာအားတွင် အနိုင်ရှိထားပြီး ဘောလခဲမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP က နေရာအားလုံးတွင် အနိုင်ရရှိ ထား သည်ဟု သိရသည်။

ထို့အပြင် ရှားတောမြို့နယ်တွင် ပြည်နယ်လွှတ်တော် (၂) တွင် USDP က တစ်နေရာ၊ ကျန်နေရာများတွင် KySDP က ကိုယ်စားလှယ်လောင်းများက အနိုင်ရရှိခဲ့သည်။ ကယားပြည်နယ်အတွင်း မဲဆန္ဒနယ် ၃၄ နေရာရှိသည့်အနက် နေရာ ၂၀ တွင် NLD က အနိုင်ရရှိထားပြီး၊ KySDP က ၈ နေရာ၊ USDP က ၆ နေရာ အနိုင်ရရှိခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် ဂွမြို့နယ်တွင် ၄ နေရာ၊ သံတွဲမြို့နယ်တွင် ၄ နေရာ၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ၁ နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက အနိုင်ရရှိထားပြီး အခြားရလဒ်များနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးပေ။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန် မြို့နယ်တို့တွင် တအာင်းအမျိုးသားပါတီ (TNP) က နမ့်ဆန်၊ မန်တုံ နှင့် နမ့်ခမ်းမြို့နယ်တို့တွင် လွှတ်တော်သုံးရပ်စလုံးတွင် အနိုင်ရရှိခဲ့ပြီး ကွတ်ခိုင်မြို့နယ်တွင် ပြည်နယ် (၁) တွင် တစ်နေရာ၊ မူဆယ်ခရိုင်တွင် အမျိုးသားလွှတ်တော်တွင် တစ်နေရာ အနိုင်ရရှိထားသည်။

ယခုရရှိခဲ့သည့် သတင်းအချက်အလက်များမှာ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် အချက်အလက်များမဟုတ်ပဲ၊ ပြည်နယ်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီတာဝန်ရှိသူများနှင့် ပါတီအောင်နိုင်ရေးမှ ပုဂ္ဂိုလ်များထံမှ ရရှိခဲ့သည့် အချက်လက်များဖြစ်သည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...