ကျောက်ဖြူမြို့နယ်တွင် လွှတ်တော် ၃ နေရာ AFP အနိုင်ရရှိ

ကျောက်ဖြူမြို့နယ်တွင် လွှတ်တော် ၃ နေရာ AFP အနိုင်ရရှိ

ဆောင်းဇာခြည် — ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် လွှတ်တော် ၃ ရပ်တွင် ရခိုင့်ဦးဆောင်ပါတီ (AFP) က ၃ နေရာနှင့် ရခိုင်အမျိုးသားပါတီ (ANP) က တစ်နေရာ အနိုင်ရရှိသွားကြောင်း သိရသည်။

ရခိုင့်ဦးဆောင်ပါတီက ပြည်သူ့လွှတ်တော် ဦးဘသိန်းရင်၊ ပြည်နယ်လွှတ်တော် အမှတ် (၁) ဦးသိန်းမြင့်နှင့်် ပြည်နယ်လွှတ်တော် အမှတ် (၂) တွင် ဦးသန်းလွင်တို့က အနိုင်ရရှိသွားခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် AFP ပါတီမှ စည်းရုံးရေးကော်မတီအတွင်းရေးမှူး၏ ဦးအောင်စောသိန်းကပြောသည်။

ဦးအောင်စောသိန်းက "ကျွန်တော်တို့ကတော့ အဓိကက ပြည်သူ့အသံကို ဦးစားပေးမယ်။ နောက်ထပ် ပြည်သူတွေရဲ့ အကျိုးအတွက် အတတ်နိုင်ဆုံး ကြိုးစားလုပ်ပေးသွားမှာပါ။" ဟု နိရဥ္စရာသို့ ပြောသည်။

ရခိုင်အမျိုးသားပါတီ (ANP) မှ အနိုင်ရရှိသွားသူမှာ အမျိုးသားလွှတ်တော် ဒေါ်ခင်လှမြိုင်က အနိုင်ရရှိသွားကြောင်း ကျောက်ဖြူမြို့နယ် (ANP) ပါတီ ဥက္ကဋ္ဌ ဦးရန်မျိုးအောင်က ပြောသည်။

ကျောက်ဖြူမြို့နယ်အတွင်း ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရခိုင်အမျိုးသားပါတီ (ANP)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့နယ်တွင်  ရပ်ကွက်(၂) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) အုပ်စုတို့တွင် ရွေးကောက်ပွဲ ကျင်းပမည် မဟုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် အောက်တိုဘာ ၁၆ ရက်နေ့က ကြေညာသည်။ ၎င်းနောက် အောက်တိုဘာ ၂၇ ရက်နေ့က ကျေးရွာအုပ်စု (၃) ခုဖြစ်သည့် ဂုံးချိန်အုပ်စု၊ စစ်တော ကျေးရွာ အုပ်စုနှင့် အဝတောင်ကျေးရွာ အုပ်စု တို့တွင် ပြန်လည်ခွင့်ပြုကြောင်း ကြေညာခဲ့သည်။

သို့အတွက် ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာအုပ်စု (၃) စုတွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခဲ့သည်ဟု သိရသည်။

အမ်းမြို့နယ်မှ  ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၉) အုပ်စုတို့တွင် မကျင်းပကြောင်း ကြေညာခဲ့ပြီး အမ်းမြောက်ကျေးရွာအုပ်စု၊ အောက်ကျေးရွာအုပ်စု၊ လုံးကောက်ကျေးရွာအုပ်စုနှင့် အမ်းတောင်ကျေးရွာ အုပ်စုများတွင် ပြန်လည် ခွင့်ပြုခဲ့သည်။

စစ်တွေမြို့နယ်မှ ကျေးရွာအုပ်စု (၄) အုပ်စုနှင့် တောင်ကုတ်မြို့နယ်မှ ရပ်ကွက် (၁ဝ) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၅၂) အုပ်စု တို့ကိုလည်း ရွေးကောက်ပွဲ မကျင်းပခဲ့ဟု သိရသည်။

အလားတူ ရခိုင်မှ မြို့နယ် ၉ ခုဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ မင်းပြားနှင့် မြေပုံ တို့ တွင် ရွေးကောက်ပွဲ မကျင်းပခဲ့ပေ။

December 23, 2025
ရခိုင်-မကွေး ရိုးလမ်းပေါ်ရှိ အာရက္ခတပ်တော်(AA) ပြန်လည်ထိန်းချုပ်ထားသည့် ဂုတ်ကြီးသို့...
December 23, 2025
အောင်မိုး — ဒီလ၂၈ရက်နေ့မှာ စစ်အုပ်စုရဲ့ ပထမအဆင့်ရွေးကောက်ပွဲကို...
December 22, 2025
အာရက္ခတပ်တော်(AA)သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ဂွမြို့ရှိ...
December 19, 2025
ရခိုင်မှ လယ်သမားများသည် ပြီးခဲ့သည့်နှစ်က စပါးဈေး ဈေးကောင်းမရ၍ အရှုံးပေါ်ခဲ့သလို ယခုနှစ်တွင်လည်း...