တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသူ အမ်းဒါးလက်ရွာသား ၁၄ ဦးကိုပြန်လွှတ်ပေး

တပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသူ အမ်းဒါးလက်ရွာသား ၁၄ ဦးကိုပြန်လွှတ်ပေး

ခိုင်လူလှ — ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဒါးလက်ချောင်းမှ တပ်မတော်က ဖမ်းဆီးထားသူ ၁၄ ဦးကို အောက်တိုဘာ ၃၁ ရက်နေ့ မွန်းလွဲက ပြန်လွှတ်ပေးလိုက်သည်ဟု သတင်းရရှိသည်။

လွတ်လာသူ ၁၄ ဦးတွင် ဒါးလက် မြောက်ဘက်ရွာမှ ၁၂ ဦးနှင့် ရှမ်းကုန်းရွာမှ ၂ ယောက်ဖြစ်ကြောင်း ဒါးလက်အလယ်ကျွန်းဆရာတော်က မိန့်ကြားသည်။

“ လွတ်လာတာ စုစုပေါင်း ၁၄ ယောက်၊ ဒါးလက် မြောက်ရွာမှ ၁၂ ဦးနှင့် ရှမ်းကုန်းရွာမှ ၂ ယောက်ဖြစ်တယ်။ သူတို့ မနေ့က မွန်းလွဲပိုင်းမှာ ရွာကို ပြန်ရောက်လာပါတယ်။ နှိပ်စက်တာ၊ ဒဏ်ရာရတာတွေ မရှိပါဘူး။ အဓိက နယ်မြေကျွမ်းသူတွေဖြစ်ကြတဲ့ နယ်မြေအနေအထားတွေကို မေးစမ်းပုံရပါတယ်။ ရက်ပေါင်း တစ်ဆယ်ကျော် လောက်တော့ နေခဲ့ရတာပေါ့” ဟု ဆရာတော်က မိန့်ကြားသည်။

ဒါးလက်မြောက်ဘက်ရွာမှ လွတ်လာသူ ၁၂ ဦးမှာ ဦးဌေးမောင်(၄၃)နှစ်၊ ဦးညီညီအောင်(၃၅) နှစ်၊ ဦးလင်းဝေ(၃၇) နှစ်၊ ဦးကျော်ဌေးလှိုင်(၃၅) နှစ်၊ ဦးတင်ရွှေ(၃ဝ) နှစ်၊ ဦးညီသိန်း(၃ဝ) နှစ်၊ ဦးညီဝင်း(၃၃) နှစ်၊ ဦးမောင်ကြည်သန်း (၂၈) နှစ်၊ ဦးခင်မောင်မြင့်(၃ဝ) နှစ်၊  ဦးဆန်းဝင်မောင်(၄ဝ) နှစ်၊ ကိုစိုးမင်းဌေး(၂၅) နှစ် နှင့် ကိုစိုးမင်းခိုင်(၂ဝ) နှစ်တို့ ဖြစ်ကြသည်။

ရှမ်းကုန်းရွာမှ လူနှစ်ယောက်၏ အမည်ကို မသိရကြောင်း ပြောကြားသည်။

၎င်းတို့သည် ရေလုပ်သားများဖြစ်ကြပြီး အောက်တိုဘာလ ၂ဝ ရက်နေက ငါးဖမ်း၍ အပြန်၎င်းစစ်တပ်မှာရှမ်းကုန်းဒါးလက်အနောက်ဖက်ကျေးရွာအနီး စခန်းချနေသည့် တပ်မှမေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ယူ စစ်ဆေးခံခဲ့ကြရသူများ ဖြစ်ကြသည်။

အမ်းမြို့နယ်မှ လူမှုရေး ဆောင်ရွက်နေသူ ကိုမျိုးလွင်ကလည်း သူတို့ လွတ်မြောက်လာသည်ကို အတည်ပြု ပြောကြားသည်။

ရခိုင်ရှိ ပင်လယ်ပြင်အတွင်း ကျောက်ချရပ်နားထားသည့် စစ်အုပ်စုပိုင် နေဗီတစ်စီးအား တွေ့ရစဉ်။ (ပုံဟောင်း)
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...