နိုဝင်ဘာ ၁ ရက်နေ့ ပြုလုပ်မည့် အမ်းမြို့နယ် ANP ပါတီ၏ အင်အားပြမဲဆွယ်စည်းရုံးရေး မြို့နယ်ကော်မရှင်ခွင့်မပြု

နိုဝင်ဘာ ၁ ရက်နေ့ ပြုလုပ်မည့် အမ်းမြို့နယ် ANP ပါတီ၏ အင်အားပြမဲဆွယ်စည်းရုံးရေး မြို့နယ်ကော်မရှင်ခွင့်မပြု

ဆောင်းဇာခြည် —နိုဝင်ဘာ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ပေါ်တွင် ရခိုင်အမျိုးသားပါတီ (ANP)၏ အင်အားပြမဲဆွယ်စည်းရုံးရေးအား  မြို့နယ်ကော်မရှင်က ခွင့်ပြုမည်မဟုတ်ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁ ရက်နေ့ အမ်းမြို့ရှိ မြို့ပေါ်ရပ်ကွက်များတွင် ANP ၏ အင်အားပြလှည့်လည်ခွင့်တင်ပြထားခြင်းနှင့် ပတ်သက်ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်မောင်ချေက ခွင့်မပြုကြောင်း အမ်းမြို့နယ် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌထံသို့ ယနေ့ အောက်တိုဘာ ၂၉ ရက်နေ့ အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်တွင် “အမ်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်များပေါ်တွင်အင်အားပြမဲဆွယ်စည်းရုံးလှုံ့ဆော်မှုကို နိုဝင်ဘာ ၁ ရက်နေ့တွင် ကျင်းပပြုလုပ်ရန် ရည်ညွှန်းပါစာဖြင့် တင်ပြလာပါသည်။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ယခုအခါ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါအခြေနေအရ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ထားလျှက်ရှိရာ မဲဆွယ်စည်းရုံးခြင်းနှင့်ပတ်သက်၍လမ်းပေါ်မှာပန်းဖလက်ဝေခြင်း၊ ဗွီနိုင်းထောင်ခြင်းများသာ ဆောင်ရွက်ရန် ညွှန်ကြားထားပြီး ဖြစ်ပါသည်” ဟု ဖော်ပြပါရှိပါသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ANP ပါတီ ဗဟိုအောင်နိုင်ရေး ဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက “အဲဒါကို ကျွန်တော်တို့ အွန်လိုင်းမှာတော့ တွေ့တယ်ပေါ့နော်။ ပါတီကိုတော့ တရားဝင် မပြောသေးဘူး။ ဗဟိုဌာနချုပ်ကို တရားဝင် အကြောင်းမကြားသေးဘူး။ ကျွန်တော်တို့လည်း မေးကြည့်ဦးမယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ရခိုင်အမျိုးသားပါတီ၏ အင်အားပြလှည့်လည်ခွင့် တင်ပြထားခြင်းနှင့် စပ်လျဉ်း၍ ခွင့်မပြုပါကြောင်းမဲဆွယ်စည်းရုံးခြင်းဆိုင်ရာ စံလုပ်ငန်းလမ်းညွှန်နှင့်အညီသာ ဗီနိုင်းထောင်ခြင်း၊ ပန်းဖလက်ဝေခြင်းများ ဆောင်ရွက်သွားကြရန် အကြောင်းကြားသည်ဟုလည်း ကော်မရှင်အဖွဲ့ခွဲ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဌေးအောင်ခိုင်က “ရခိုင်ပြည်မှာ ၁၇ မြို့နယ်လုံးမှာ Stay at Home ကာလ သတ်မှတ်ထားတယ်။ အဲဒီမှာကျန်းမာရေးဝန်ကြီးဌာနက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ စံပြုလုပ်ငန်း လမ်းညွှန်ဆိုပြီးတော့ SOP Part 1၊ Part 2 ဆိုပြီး ထုတ်ထားတယ်။ အဲဒီမှာ ပါတယ်ပေါ့။ ကျွန်တော်တို့ ခရိုင်အနေနဲ့ရော ပြည်နယ် အနေနဲ့ရော ဒီညွှန်ကြားချက်အတိုင်း လုပ်ကြပါ။ မဲဆွယ်လှည့်လည်ပြီး အဲလိုမျိုး အင်အားပြတာ ဘာညာ အဓိကကတော့ ကိုဗစ် ကူးစက်မှာ ကြောက်တဲ့အတွက် ကိုဗစ်ညွှန်ကြားချက်နဲ့အညီ လုပ်ကြပါဆိုပြီးတော့ ပြောတယ်။ အဲဒီတော့ ကျွန်တော်တို့ဆီကို ခွင့်ပြုချက်လာတင်ရင်လည်း ဘယ်ပါတီပဲဖြစ်ဖြစ် ခွင့်ပြုမထားပါဘူး။ တစ်ခု ဖြေလျော့ ပေးထားတာက ဗီနိုင်းစိုက်ရမယ်၊ လက်ကမ်း ပိုစတာတွေကို ကျန်းမာရေး သတ်မှတ် အကွာအဝေးအတိုင်း ပေါ့နော်၊ လူမထူထပ်ဘဲဝေပါဆိုပြီး ပြည်နယ်ကနေ လုပ်ခိုင်းထားပါတယ်” ဟု နိရဉ္စရာသို့ ပြောသည်။

ဓါတ်ပုံ - ပုံဟောင်း
August 15, 2026
မကွေးတိုင်းဒေသကြီး၊ ပဒန်းမြို့၊ ရိုးတောင်ကျော်လမ်းပေါ်ရှိ နတ်ရေကန်သို့ ပို့ဆောင်သော စစ်အုပ်စုတပ်...
ဓါတ်ပုံ - PTC News (စစ်တပ်၏ တိုက်ခိုက်ရေး ဒရုန်းအား တွေ့ရစဉ် - ပုံဟောင်း)
August 13, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲများ ရပ်တန့်နေသော်လည်း...
August 11, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ပလက်ဝမြို့ကို စစ်တပ်က ယနေ့နံနက်ပိုင်းတွင် လေကြောင်းမှ...
ဓာတ်ပုံ - AA Info Desk
August 11, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်အုပ်စုက လေကြောင်းမှ...