ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ကုန်နှင့်သစ်များ တင်ပို့သည့် မော်တော်ဘုတ် ၆ စီးဖမ်းမိပြီး လှေသမား သုံးဦးထံမှ ကိုဗစ်ပိုးတွေ့ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ကုန်နှင့်သစ်များ တင်ပို့သည့် မော်တော်ဘုတ် ၆ စီးဖမ်းမိပြီး လှေသမား သုံးဦးထံမှ ကိုဗစ်ပိုးတွေ့ရှိ

ကျော်မျိုးအောင် — ရခိုင်ပြည်နယ်အတွင်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ကုန်နှင့်သစ်များတင်ပို့သည့် မော်တော်ဘုတ် ၆ စီးဖမ်းမိထားပြီး စက်လှေလုပ်သား ၃ ဦးထံမှ ကိုဗစ်ပိုးတွေ့ထားရှိကြောင်း သက်ဆိုင်ရာဌာနတို့မှ သိရသည်။

ထိုသို့ တရားမဝင်တင်ပို့သည့် မော်တော်ဘုတ် ၆ စီအား အောက်တိုဘာ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း မောင်တောမြို့နယ် နတ်မြစ်ဝ၌ (POE) အမှတ်(၁) နယ်ခြားစောင့် ဝင်/ထွက် တပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မော်တော်ဘုတ်တို့မှာ သစ်တန်ချိန် (၁၁)တန်ခန့် ပါဝင်သည် မော်တော်ဘုတ် ၁ စီး၊ ငါးခြောက် ပိဿ ၄၀ခန့်ပါသော အိတ် ၁၁၅၀ အိတ် တင်ဆောင်လာသည့် မော်တော်ဘုတ် ၁ စီး တို့ဖြစ်ကြောင်း မောင်တော်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

ထို့အပြင် ကြက်သွန်နီ ပိဿာ ၂၀ ခန့်ဆန့်သော အိတ်ပေါင်း ၁၀၀၀ ကျော် တင်ဆောင်လာသည့် မောင်တော်ဘုတ် ၃ စီး နှင့် ကုန်ပစ္စည်းမျိုးစုံပါဝင်သော မော်တော်ဘုတ် ၁ စီးတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ မော်‌တော်ဘုတ် ၆စီးမှ လူ ၃၇ ဦးကို ဖမ်းဆီးထားပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅/၃၀(က) ဖြင့် မကျည်းချောင်း၊ ပြင်ဖြူ နှင့် အလယ်သံကျော် နယ်ခြားစောင့်စခန်းတို့က အမှုဖွင့်ကာ ချုပ်ရမန်အသီးသီးယူထားကြောင်း မောင်တောမြို့နယ်တရားရုံးမှ သိရသည်။

အဆိုပါ အမှုဖွင့်ခံထားရသူများထဲမှ ၁၅ ဦးအား ကိုဗစ် - ၁၉ ရှိ၊မရှိ ကို Rapid Test Kit ဖြင့် စစ်ဆေးရာတွင် ၃ ဦး၌ Positive တွေ့ရှိပြီး ကျန်ရှိသူ ၂၂ ဦးကိုလည်း ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံ က ဆိုသည်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း၌ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို အစိုးကရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်ပြီးနောက် တစ်ဖက်နိုင်ငံတွင် ကုန်စည်လိုအပ်မှုများပြားလာသဖြင့် တရားမဝင်တင်ပို့မှုတို့ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်းကုန်သည်များက ဆိုကြသည်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...