ကိုဗစ်ကြောင့် ရခိုင်တွင် ရေနံယိုဖိတ်မှုတုန့်ပြန်ရေး စီမံချက်အတွက် ကွင်းဆင်းစစ်ဆေးမှုများ မလုပ်နိုင်

ကိုဗစ်ကြောင့် ရခိုင်တွင် ရေနံယိုဖိတ်မှုတုန့်ပြန်ရေး စီမံချက်အတွက် ကွင်းဆင်းစစ်ဆေးမှုများ မလုပ်နိုင်

သက်ပိုင် - လက်ရှိဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံအတွက်ရေးဆွဲနေသည့် နိုင်ငံအဆင့်ရေနံယိုဖိတ်မှုတုန့်ပြန်ဆောင်ရွက်ရေး စီမံချက်အတွက် ရခိုင်ပြည်နယ်သို့ ကွင်းဆင်းစစ်ဆေးမှုများ မလုပ်ဆောင်နိုင်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

အဆိုပါ စီမံချက်ကို အပြည်ပြည်ဆိုင်ရာပင်လယ်ရေကြောင်းအဖွဲ့(IMO)၏ ပံ့ပိုးမှုဖြင့် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာလက စတင်ရေးဆွဲနေခြင်းဖြစ်ကာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်တွင် ရေနံယိုဖိတ်မှုဖြစ်ပွားပါက အရေးပေါ်တုန့်ပြန်မှု ပြုလုပ်နိုင်ရန်အတွက် ရေးဆွဲရခြင်း ဖြစ်ကြောင်း ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(နည်းပညာ) ဦးကိုကိုနိုင်ကဆိုသည်။

“ပြောရရင်တော့ ရခိုင်ပြည်နယ်က အရေးကြီးဆုံးလို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ ရခိုင်ပြည်နယ် မဒေးကျွန်း တစ်ခုတည်းမှာတင် မတော်တစ်ဆမှုဖြစ်ခဲ့ရင် တစ်မိနစ်မှာတင် တန်ရာနဲ့ချီပြီး ယိုဖိတ်တာတွေ ဖြစ်နိုင်တယ်။ ဒါကြောင့် ပထမဦးစားပေးပြီး ရေးဆွဲချင်ပေမယ့် ဒီအချိန်မှာ လမ်းတွေအကုန်ပိတ်ထားတော့ သွားလာဖို့မလွယ်တဲ့အတွက် ရန်ကုန်နဲ့ ဧရာဝတီတိုင်းအတွက်ကိုပဲ အရင်ဆုံး ပြီးသလောက်ဆွဲနေတယ်” ဟု သူကပြောသည်။

ရေနံယိုဖိတ်မှုဖြစ်ပွားပါက ထိခိုက်လွယ်သည့် နေရာများကို ကြိုတင်သိရှိနိုင်မည့် Sensitivity Mapping သည် နိုင်ငံအဆင့် ဆီယိုဖိတ်မှုတုံ့ပြန်ဆောင်ရွက်ရေးစီမံချက်တွင် တစ်စိတ်တစ်ပိုင်းပါရှိပြီး ကမ်းရိုးတန်းဒေသများ၌ ရေနံယိုဖိတ်သည့်ဖြစ်စဉ်များ ဖြစ်ပွားပါက အလျှင်အမြန်တုံ့ပြန်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်းနှင့် Sensitivity Mapping Survey Team အနေဖြင့် ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်းက မဒေးကျွန်းတစ်ဝိုက်တွင် ကွင်းဆင်း စာရင်းကောက်မှုများ ပြုလုပ်ခဲ့ကြကြောင်း ဦးကိုကိုနိုင်က ရှင်းပြသည်။

ရေနံယိုဖိတ်မှု တုန့်ပြန်ဆောင်ရွက်ရေးစီမံချက်မှာ နိုင်ငံတိုင်းတွင် မဖြစ်မနေရှိသင့်သည့် စီမံချက်တစ်ခုဖြစ်ပြီး သဘောၤကြီးများ၊ သဘောငယ်များ သွားလာနေသည့်ဒေသများတွင် ရေနံယိုဖိတ်မှုဖြစ်ပွားခဲ့ပါက မည်သို့တုန့်ပြန်ဆောင်ရွက်ရမည်များကို Plan ရေးဆွဲထားခြင်းဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS-Myanmar)မှ ဒုတိယဌာနေတာဝန်ခံ ဦးကျော်သင်းလတ်က ဆိုသည်။

“တကယ်လို့ Sensitivity Mapping ရှိခဲ့ရင်ဘယ်နေရာဟာ ငါးတွေနေထိုင်နေရာဖြစ်တယ်။ ဘယ်နေရာကတော့ ဒီရေတောဧရိယာဖြစ်တယ်။ ဘယ်နေရာတွေကတော့ သဲသောင်တွေဖြစ်တယ်ဆိုတာကို မြေပုံကြည့်တာနဲ့ သိနိုင်မယ်။ ရေနံယိုဖိတ်မှုတစ်ခု ဖြစ်တယ်ကြားတာနဲ့ မြေပုံကိုကြည့်ပြီး အရေးကြီးတဲ့နေရာတွေကို ကြိုတင်ကာကွယ်တာတွေ လုပ်နိုင်မယ်” ဟု သူကရှင်းပြသည်။

လက်ရှိတွင် နိုင်ငံအဆင့်ရေနံယိုဖိတ်မှု တုန့်ပြန်ဆောင်ရွက်ရေးစီမံချက်တွင် အစိတ်အပိုင်းပါဝင်သည့် Sensitivity Mapping Survey လုပ်ဆောင်ခြင်းကို ကမ်းရိုးတန်းဒေသအချို့တွင် ဆောင်ရွက်နေကြောင်းရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ပုံစာ - တရုတ်ရေနံတင်သင်္ဘောတစ်စီးအား ကျောက်ဖြူရေနက်ဆိပ်ကမ်းတွင် ရပ်နားထားသည်ကို တွေ့ရစဉ်။

ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...