မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာ ၆၉ ဦး တစ်ရက်အတွင်းစံချိန်တင်တွေ့ရှိ

မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာ ၆၉ ဦး တစ်ရက်အတွင်းစံချိန်တင်တွေ့ရှိ
မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာ ၆၉ ဦးတွေ့ရှိစာရင်း (MSHD)
မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာ ၆၉ ဦးတွေ့ရှိစာရင်း (MSHD)

စိုင်းထွန်းစံ - မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာ ၆၉ ဦး အောက်တိုဘာလ ၁၇ ရက် တစ်နေ့အတွင်း စံချိန်တင်တွေ့ရှိခဲ့သည့်အပြင် အခြားဒေသမှ ရောက်ရှိလာသူ ၉ ဦးကိုလည်း ပိုးတွေ့ရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦစီးဌာနထံမှ သိရသည်။

လက်ရှိ မွန်ပြည်နယ်အတွင်း ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်းဦးရေ ၅၂၀ ဦးရှိခဲ့ပြီး ရောဂါလက္ခဏာမပြတော့သဖြင့် ဆေးရုံမှဆင်းခွင့်ရရှိသူ ၃၃၄ ဦး ရှိပြီးဖြစ်သည်။

“ဒါကတော့အစ်မတို့စိတ်ပူနေတဲ့ဟာ တစ်နေရာကနေပြီးတော့ အကျိုးအကြောင်းမသိရဘဲနဲ့ အုပ်စုလိုက်ထွက်ပေါ် လာမယ် စိတ်ပူနေတဲ့နေရာတွေကနေပြီး ထွက်လာတယ်ဆိုတော့ အင်မတန်ကိုပြည်သူလူထုတွေအနေနဲ့ သတိထားပြီးတော့ နေရမယ့်အနေထားဖြစ်သွားပြီးပေါ့ ရန်သူကဘယ်မှာမှန်းမသိတော့ဘူး” ဟု မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝတ်မှုံက ပြောသည်။

မော်လမြိုင်မြို့မှ လူနာ ၅၃ ဦး မုတ္တမတွင် ၁၅ ဦး၊ ကျိုက်မရောမြို့တွင် သေဆုံးသွားသော ကိုဗစ် ၁၉ ရောဂါပိုးတွေ့လူနာဖြင့်ထိတွေ့မိသူ ၁ ဦးတို့မှ ရာဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

မော်လမြိုင်မြို့တွင် သံလွင်အေးဝန်ထမ်းအိမ်ရာမှ ၁၆ ဦး၊ မုပွန်ရပ်ကွက် မီးရထားဝင်းမှ ၁၃ ဦး၊ မုပွန်ရပ်ကွက် ဇီဇဝါလမ်းမှ ၉ ဦး၊ တိုးချဲ့လမ်းမှ ၁ ဦးတို့မှာရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဘိုကုန်းရပ်ကွက် ရွှေဗျိုင်းဖြူလမ်း၊ မောင်ငံ ယုဇနလမ်း၊ သဇင်လမ်း၊ ရန်အောင်လမ်း၊ ကျောက်တန်းမြ (၄) လမ်း၊ သီရိမင်္ဂလာ (၁၄) လမ်း၊ ဇေယျာမြိုင် ကြယ်တာရာလမ်း တို့မှ ကိုဗစ် ၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြု လူနာ တစ်ဦးစီတွေ့ရှိခဲ့သည်။

ထို့အတူ မုတ္တမ ယာဉ်စုရပ်၊ ရေစုရပ်၊ လမ်းသစ်ရပ်၊ တံတားထိပ်တို့မှာ ၁၅ ဦးတွေ့ရှိခဲ့တာဖြစ်ပြီး ကျိုက်မရောမြို့ ပိန္နဲကုန်းမှ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရောဂါပိုးတွေ့ရှိလူနာများနှင့် ထိတွေ့မိသူများကို မော်လမြိုင်တက္ကသိုလ်ဆယ်မြို့နယ်ဆောင်၌ လူဦးရေ ၃၀၀ ကျော်ကို Quarantine စင်တာတွင် ထားရှိထားသည်။

အောက်တိုဘာ ၁၇ ရက်နေ့တွင် ပိုးတွေ့လူနာသစ် ၁၃၈၇ ဦးနှင့်သေဆုံး ၃၉ ဦး၊ တစ်နိုင်ငံလုံးအတိုင်းအတာ ပိုးတွေ့လူနာစုစုပေါင်း ၃၄,၈၇၅ ဦးနှင့် သေဆုံးလူနာစုစုပေါင်း ၈၃၈ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရှိသူ ၁၆,၃၇၀ ရှိကြောင်း သတင်းရရှိသည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...