ကိုဗစ် ရောဂါကူးစက်ခံရသူ ထပ်မံတွေ့ရှိမှုမရှိပါက စမ်းမြို့ရက်ကွက်အား Stay at Home မှ ပယ်ဖျက်သွားမည်

ကိုဗစ် ရောဂါကူးစက်ခံရသူ ထပ်မံတွေ့ရှိမှုမရှိပါက စမ်းမြို့ရက်ကွက်အား Stay at Home မှ ပယ်ဖျက်သွားမည်

Benezer – ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ များပြားလာမှုကြောင့် Stay at Home အဖြစ်သတ်မှတ်ထားသည့် ကလေးမြို့ စမ်းမြို့ရက်ကွက်အား ရောဂါပိုး ကူးစက်ခံရသူ ထပ်မံတွေ့ရှိမှုမရှိပါက Stay at Home ဒေသမှ ပယ်ဖျက်သွားမည်ဖြစ်ကြောင်းသိရသည်။

“စမ်းမြို့ကို Stay at Home အဖြစ် ၁၄ရက်သတ်မှတ်ထားတာပေါ့၊ ဒီနေ့က ၁၁ရက်ရှိသွားပြီဆိုတော့ မနက်က လုပ်တဲ့အစည်းအဝေးမှာ စမ်းမြို့ရက်ကွက်ကို ဒီရက်ပိုင်းအတွင်း ပိုးထပ်တွေ့တာမရှိရင် Stay at Home ကနေ ပြန်ဖျက်ပေးဖို့ ဆုံးဖြတ်လိုက်တယ်ပေါ့၊ မနေ့က တစ်ယောက်ထပ်တွေ့ပေမယ့် သူက စမ်းမြို့ရပ်ကွက်ကမဟုတ်ဘူး ရန်ကုန်ကနေလာတဲ့ ကားသမားပေါ့” ဟု ကလေးခရိုင်ပြန်ဆက်ရုံးမှ ဉီးစီးမှူး ဉီးညီဇော်ကပြောသည်။

ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလတွင် ရန်ကုန်မြို့မှ ပြန်လာသည့်အမျိုးသမီးငယ်တစ်ဉီးထံမှ တစ်ဆင့် စမ်းမြို့ရပ်ကွက်တွင် အယောက် ၂၀ ကျော် ပိုးတွေ့လူနာတွေ့ရှိခဲ့မှုကြောင့် စက်တင်ဘာလ ၂၉ ရက်နေ့ကစ၍ စမ်းမြို့ရပ်ကွက်တစ်ခုလုံးကို Stay at Home အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၈ရက်နေ့က ကလေးမြို့နယ်မှ ပြန်လည်ထွက်ခွာမည့် အရေးကြီးကုန်စည်ပို့ဆောင်ရေး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၅၅) ဦး ပြည်သူ့ကျန်းမာရေဦးစီးဌာနမှ ကိုဗစ် – ၁၉ ရောဂါပိုးရှိ မရှိ Test kit ဖြင့် စစ်ဆေးရာမှ High Class ဂိတ်မှ ယာဉ်နောက်လိုက်တစ်ဦး ထံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပြီး Close Contact ၁၃ ဉီးအား ကွာရင်တင်းဝင်ခိုင်း ထားကြောင်းသိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ဒုတိယလှိုင်းကာလအတွင်း ပိုးတွေ့လူနာ (၂၈) ဦးထိရှိခဲ့ပြီး (၁၁ ) ဦးမှာ ဆေးရုံမှ ဆင်းသွားပြီးဖြစ်၍ ယခုလက်ရှိတွင် (၁၇) ဦးမှာ ကုသမှုခံယူလျှက်ရှိသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...