ကျောက်ဖြုတွင် နေ့လည် ၁၁ နာရီနောက်ပိုင်း အပြင်ထွက်လျှင် ဘေး/စီမံဖြင့်အရေးယူမည်ဟု ထုတ်ပြန်

ကျောက်ဖြုတွင် နေ့လည် ၁၁ နာရီနောက်ပိုင်း အပြင်ထွက်လျှင် ဘေး/စီမံဖြင့်အရေးယူမည်ဟု ထုတ်ပြန်

အောင်ကောင်းဇော် — ကျောက်ဖြူမြို့နယ်အတွင်းမှ ပြည်သူများအနေဖြင့် အောက်တိုဘာ ၉ ရက်နေ့မှစတင်၍ နေ့လယ် ၁၁ နာရီ နောက်ပိုင်း ကျန်းမာရေးကိစ္စမှလွဲ၍ အပြင်ထွက်လျှင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၃၀(က) အရ အရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီက ထုတ်ပြန် လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် မဖြစ်မနေဈေးဝယ်ရန်ရှိပါက အပြင်ထွက်ခွင့်ကတ်ဖြင့် Mask တပ်ပြီး နံနက် ၆ နာရီမှ ၁၁ နာရီအချိန်ထိ သားခွင့်ပြုမည်ဖြစ်ပြီး အခြားအချိန်၌အပြင်ထွက်ခွင့်ကတ်ဖြင့် လုံးဝ အပြင်ထွက်ခွင့် မပြုခြင်း လည်းကောင်း၊ ဆေးရုံဆေးခန်းများကိုသွားလိုလျှင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ဖြင့် ထွက်ရမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထို့ပြင် ကမ်းစပ်တွင်လမ်းလျှောက်ခြင်း၊ ဘောလုံးကစားခြင်း၊ အရက်သေစာသောက်ခြင်း၊ ခြင်းလုံးကစားခြင်းတို့ လုံးဝ ခွင့်မပြုကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားသည်။

“ဒီမှာကပြည်သူတွေ လိုက်နာမှုအားနည်းတယ်။ အဲဒါကြောင့် အခုလိုထုတ်ပြန်လိုက်ရတာ။ လိုက်နာမှုအား နည်းနည်းကောင်းလာအောင်လို့ပေါ့၊ မဟုတ်ရင် ကတ်ပါတယ်ဆိုပြီး အကြောင်းပြချက်အမျိုးမျိုးကိုပေးတယ်” ဟု ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ရှင်းပြသည်။

သို့သော် အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ/အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်သူများအနေဖြင့် အဆိုပါ လိုက်နာရမည့်စည်းကမ်းချက်များတွင် မပါဝင်ကြောင်း၊ ၎င်းတို့အတွက် သီးသန့်ထောက်ခံချက် လုပ်ဆောင်ပေးထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အဆိုပါမြို့နယ်၌ Stay at Home ကာလအတွင်း အပြင်ထွက်လျှင် Mask မတပ်ဆင်ခြင်း၊ ရပ်ကွက်ကျော် လွန်ကာ ထောက်ခံချက်မပါဘဲ သွားလာသူများ စသည်ဖြင့် ပညာပေးကာလအတွင်းမှာ စည်းကမ်း ဖောက်ဖျက်သူ ၄၀ ဦးအား ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးထားခဲ့ကြောင်း သိရသည်။

ကျောက်ဖြုမြို့နယ်အတွင်းတွင် အောက်တိုဘာ ၇ ရက်နေ့ ညနေ ၆ နာရီအထိ COVID-19 ရောဂါကူးစက် ခံရသူလူနာ ၂၄၈ ဦးရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၁၈၉ ဦးနှင့် ဆေးကုသခံနေရသူစုစုပေါင်းမှာ ၅၉ ဦးရှိကြောင်း ရခိုင်ပြည်ကိုဗစ်စောင့်ကြည့်အဖွဲ့မှသိရသည်။

ရခိုင်တစ်ပြည်နယ်လုံးတွင် အောက်တိုဘာ ၇ ရက် ညနေ ၆ နာရီအချိန် ပိုးတွေ့လူနာ ၁၇၈၈ ဦးရှိပြီး ဆေးရုံ ဆင်းခွင့်ရရှိသူ ၁၄၄၅ ဦးနှင့် ဆေးရုံတွင်ဆေးကုသမှုခံယူနေလျှက်ရှိသူ ၃၃၃ဦးရှိကာ သေဆုံးသူ ၇ ဦးထိရှိပြီ ဖြစ်ကြောင်း ယင်းအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...