ထိုင်းမြန်မာနယ်စပ် စံခလပူရီခရိုင်တွင် လူတိုင်း Mask မဖြစ်မနေတပ်ရန်နှင့် ပျက်ကွက်ပါက ဒဏ်ငွေဘတ် ၂ သောင်းပေးဆောင်ရမည်

ထိုင်းမြန်မာနယ်စပ် စံခလပူရီခရိုင်တွင် လူတိုင်း Mask မဖြစ်မနေတပ်ရန်နှင့် ပျက်ကွက်ပါက ဒဏ်ငွေဘတ် ၂ သောင်းပေးဆောင်ရမည်

ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ် စံခလပူရီခရိုင် Sangkhlaburi District နေအိမ်ပြင်ပထွက်သူတိုင်း Mask မဖြစ်မနေတပ်ထားရန်နှင့် ပျက်ကွက်ပါက ဘတ် ၂ သောင်းထက်မပိုသော ဒဏ်ငွေပေးဆောင်ရမည်ဖြစ်ကြောင်း အောက်တိုဘာ ၂ ရက်နေ့ အမိန့်ထုတ်ပြန်လိုက်သည်။

မြန်မာနယ်စပ် ဘုရားသုံးဆူမြို့နှင့် သဘာဝပထဝီမြေအရ နယ်နိမိတ်ချင်း ထိစပ်နေသောကြောင့် Covid 19 ရောဂါပျံနှံ့မှု ကြိုကာကွယ်တားဆီးရေးအဖြစ်  စံခလပူရီခရိုင်အတွင်း လူတိုင်း Mask သို့မဟုတ် နှာခေါင်းစည်း အဝတ်မျက်နှာဖုံးတင်ဆင်ကြရန် အောက်တိုဘာ ၂ ရက်နေ့စွဲဖြင့် ကန်ချနပူရီပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Jirakiat Phumsawat က တင်းကြပ်စွာ အမိန့်ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အဆိုပါအမိန့်ကို စံခလပူရီခရိုင်ရှိ နောင်းလူ (Nong Lu) တိုက်နယ် ၁၀ ရွာ၊ ပရန်ဖဲတိုက်နယ် (Prangphle) တိုက်နယ် ၄ ရွာနှင့် လိုင်းဝိုး (Laiwo) တိုက်နယ် ၆ ရွာ အသီးသီးရှိ ကျေးရွာသူကြီးများက အသံချဲ့စက်လော်စပီကာများဖြင့် ဒေသခံများနားလည်သော မွန်၊ ကရင်နှင့် ထိုင်းဘာသာများဖြင့် မကြာခဏ သတိပေးနှိုးဆော်လျှက်ရှိသည်။

အထူးသဖြင့် ရုံးပိတ်ရက်များတွင် ဧည့်သည်များလာရောက်လေ့ရှိသော ထိုင်းနိုင်ငံ၏အရှည်ဆုံးသစ်သားတံတားတည်ရှိရာ Mon Wooden Bridge ဝင်းက မွန်ရွာ၌ လှည့်လည်သွားလာနေသူများ Mask သို့မဟုတ် နှာခေါင်းစည်း အဝတ်မျက်နှာဖုံးတင်ဆင်ခြင်းရှိမရှိ ထိုင်းရဲများက အထူးစောင့်ကြည့်လျက်ရှိသည်။

သို့ရာတွင် မြန်မာနိုင်ငံ ဘုရားသုံးဆူမြို့နှင့် ထိုင်းနိုင်ငံ ဘုရားသုံးဆူကျေးရွာတို့အကြား အောက်တိုဘာ ၅ ရက်အထိ ပိတ်ထားသည့်အမိန့်အား ကုန်စည်စီဆင်းမှုပြတ်လပ်မည်ကို ထိုင်းတို့စိုးရိမ်သဖြင့် ပြန်လည်ရုတ်သိမ်းမည့်အနေအထားရှိကြောင်း စုံစမ်းသိရှိရသည်။

စံခလပူရီခရိုင်၏ အနောက်ဖက်ရှိ မြန်မာနယ်စပ် တနင်္သာရီတိုင်းဒေသကြီး မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့နှင့် ထိစပ်နေပြီး မြောက်ဖက်တွင် ထိုင်းနိုင်ငံ တာခ့်ခရိုင် အုန်းဖန်နှင့်လည်းကောင်း တောင်ဘက်တွင် ထောင်ဖာဖွန်ခရိုင် Thong Pha Phum တို့နှင့် လည်းကောင်း နယ်နိမိတ်ချင်းထိစပ်နေသည်။

ကန်ချနပူရီပြည်နယ် အုပ်ချုပ်ရေးမှူး အမိန့်စာ (Copy)

March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...