ကျိုက္ခမီမြို့မှ ၁၀ နှစ်အရွယ်ကလေးတစ်ဦး ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသဖြင့် အတူကစားဖော်ကလေးငယ်များကို Quarantine ထားရှိ

ကျိုက္ခမီမြို့မှ ၁၀ နှစ်အရွယ်ကလေးတစ်ဦး ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသဖြင့် အတူကစားဖော်ကလေးငယ်များကို Quarantine ထားရှိ
Quarantine ဝင်ရောက်လာသည့် ကျိုက်ခမီမြို့မှ ခလေးများ (ဇင်မိုး)
Quarantine ဝင်ရောက်လာသည့် ကျိုက်ခမီမြို့မှ ခလေးများ (ဇင်မိုး)

စိုင်းထွန်းစံ — မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရသူများတွင် ကျိုက္ခမီမြို့မှ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ရောဂါပိုးကူးစက်ခံရသဖြင့် အတူကစားဖော် ကလေးငယ် ၁၁ ဦးကိုလည်း အောက်တိုဘာလ ၁ ရက်နေ့က Quarantine စင်တာတွင် အသွားလာကန့်သတ်ထားကြောင်း သိရသည်။

လက်ရှိတွင် မော်လမြိုင်မြို့တွင်နေထိုင်သည့် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ကျိုက္ခမီမြို့မှ ၁၀ နှစ်အရွယ်ကလေး ငယ်တစ်ဦး တို့အား ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ကျိုက္ခမီ ၁၀ နှစ်အရွယ်ကလေးက သူကရောဂါပိုးမတွေ့ခင် လိုက်ကစားထားတယ်ပေါ့နော် သူရဲကစားဖော် တွေအကုန်လုံးက ထိတွေ့မိထားတော့ စုပြီးတော့ Quarantine ဝင်ရတယ်ပေါ့ လာပို့သွားတယ်အုပ်ထိန်းသူမပါ လာတဲ့အခါကျတော့ အခန်းထဲမှာပဲနေဖို့သူတို့ကိုအခန်းကပ်ရပ်ထားပေးထားတယ်” ဟု မော်လမြိုင်လူမှုကယ် ဆယ်ရေးအဖွဲ့ ကိုဇင်မိုး မှပြောသည်။

ထို Quarantine ဝင်ရမည့်ကလေးငယ်များကို အောက်တိုဘာလ ၁ ရက်နေ့တွင် မော်လမြိုင်တက္ကသိုလ် Quarantine စင်တာကို သံဖြူဇရပ်မြို့နယ်လူမှုကယ်ဆယ်ရေးအဖွဲ့မှ လာရောက်ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း ၎င်းထံမှသိရသည်။

အဆိုပါ ကျိုက္ခမီမြို့တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့သော အောင်သုခရပ်ကွက်၊ သီရီမြိုင်မြောက် ၄ လမ်း၊ ၅ လမ်းတို့ကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ပြီး မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှအသွားအလာကန့်သတ် နေရာအဖြစ် အမိန့်အမှတ် ၁၆/၂၀၂၀ ဖြင့်ထုတ်ပြန်လိုက်သည်။

အဆိုပါ ကျိုက္ခမီမြို့မှာ သွားလာကန့်သတ်ထားသည့် အောင်သုခရပ်ကွက်တွင် အိမ်ခြေ ၁၁၅ လုံးရှိပြီး လူဦးရေ ၅၀၀ ဦးခန့်ရှိကြောင်း သိရသည်။

လက်ရှိတွင် မော်လမြိုင်မြို့နှင့်ဘီးလင်းမြို့နယ်တို့၌ ကိုဗစ် ၁၉ ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာ အများဆုံး တွေ့ရှိရပြီး သံဖြူဇရပ်မြို့နယ်တွင် ၉ ဦး ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...