တပ်မတော်စစ်ကြောင်းက ဖမ်းထားသည့် ကျောက်တော်ဒေသခံများ ပြန်လွှတ်လာ

တပ်မတော်စစ်ကြောင်းက ဖမ်းထားသည့် ကျောက်တော်ဒေသခံများ ပြန်လွှတ်လာ

မျိုးသီရိကျော် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းက ဖမ်းဆီးထားသည့် ဒေသခံ ၁၁ ဦးမှာ စက်တင်ဘာ ၂၄ ရက်နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာပြီဖြစ်‌ကြောင်း ဒေသခံများထံမှသိရသည်။

လွတ်မြောက်လာသူများမှာ ကျောင်းဆရာ ဦးမောင်မောင်ဦး(၂၅)နှစ်၊ ဦးင/ညီး(၃၂)နှစ်၊ ဦးမောင်ဘဦး(၄၂)နှစ်၊ ဦးမောင်မောင်ညွှန့်(၄၈)နှစ်၊ ဦးထွန်းစိန်(၅၉)နှစ်၊ ဦးမောင်မောင်ဝင်း(၃၇)နှစ်၊ မောင်ရန်နိုင်စိုး(၁၆)နှစ်၊ ဦးအောင်ခိုင်စိုး(၃၅)နှစ်နှင့် ဦးမောင်သန်းမြင့်(၂၇)နှစ်တို့ဖြစ်ကြောင်း သရက်တပင်ကျေးရွာမှ ရပ်/ကျေးစာရေး ဦးမောင်ညွှန့်ကပြောသည်။

“သူတို့ကို ရပ်မိရပ်ဖတွေနဲ့ လက်မှတ်ထိုးရမယ်ဆိုပြီး အကြောင်းကြားလာလို့ ဒီနေ့မနက်ပိုင်းက သွားလိုက်ကြတယ်။ အခုတော့ သူတို့ ကားနဲ့ရွာကိုလာနေကြပြီ။ သရက်တပင်က ၉ ယောက်၊ အခြားရွာက ၂ ယောက် ပါတယ်။ အခုလို ပြန်လွှတ်လာတော့ ဝမ်းသာပါတယ်” ဟု ၎င်းကဆိုသည်။

တပ်မတော်စစ်ကြောင်းသည် စက်တင်ဘာ ၂၃ ရက်နေ့ သရက်တပင်ကျေးရွာအတွင်းသို့ ဖြန့်ကြန့်ဝင်ရောက်လာပြီး စစ်ကြောင်းသွားရာလမ်းကြောင်း၌ တွေ့ရှိသည့် ကျေးရွာသား (၂၀) ဦးကို ဖမ်းဆီးခေါ်ဆောင်ပြီး ကျေးရွာရှိ ကျေးလက်ကျန်းမာ‌ရေးဆေး‌ပေးခန်း ခြံဝင်းအတွင်း၌ ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်။

ထိုသို့ဖမ်းဆီးထားရာ ညနေပိုင်းအချိန်၌ စစ်ကြောင်းပြန်စဉ် ဖမ်းဆီးထားသူ ၉ ဦးအားပြန်လွှတ်ခဲ့ကာ ကျန်ရှိသူများကို အဆိုပါကျေးရွာနှင့် ၁ မိုင်ခန့်ကွာဝေးသည့် ဒေါင်းတော်ယိုးကျေးရွာအနီးရှိ တပ်ရင်း ၃၇၆ သို့ ခေါ်ဆောင်သွားကြောင်း ပြန်လည်လွတ်မြောက်လာသူများက ဆိုသည်။

“ကျနော်တို့ကို AA နဲ့ ဆက်စပ်လားဆိုပြီးတော့မေးပါတယ်။ မျက်နှာကိုလည်း လက်သီးနဲ့ထိုးတယ်။ ကျနော့်မျက်နှာဆိုရင် အကုန်လုံးရောင်းရမ်းနေပါတယ်။ မနေ့က ထမင်းလည်းမစားခဲ့ပါဘူး၊ ရေလည်းမသောက်ခဲ့ရပါဘူး” ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောသည်။

ယနေ့လွတ်မြောက်လာသူ ၁၁ ဦးလုံးမှာ ရိုက်နှက်ခံခဲ့ရသဖြင့် မျက်နှာ၊ခြေထောက်တို့မှာ ဒဏ်ရာများရရှိ ခဲ့ကြောင်းကိုပြောဆိုကြသော်လည်း အသေးစိတ်ကိုပြောလျှင် ပြန်လည်ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် အသေးစိတ်ကိုပြောရန် ငြင်းဆိုကြသည်။

သရက်တပင်ကျေးရွာသူ/သားများမှာ ယခုကဲ့သို့ ကျေးရွာသားများ ထပ်မံဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...