ဘူးသီးတောင်မြို့ ကွန်တိုင်ရွာအနီး မိုင်းနှစ်လုံးပေါက်ကွဲပြီးနောက် တိုက်ပွဲဖြစ်ပွား

ဘူးသီးတောင်မြို့ ကွန်တိုင်ရွာအနီး မိုင်းနှစ်လုံးပေါက်ကွဲပြီးနောက် တိုက်ပွဲဖြစ်ပွား

ကျော်မျိုးအောင် — ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အရှေ့ဘက်ရှိ ကွန်တိုင်ကျေးရွာအနီးတွင် စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်က မိုင်းနှစ်လုံးပေါက်ကွဲခဲ့ပြီးနောက် တပ်မတော်နှင့် အေအေတို့ နာရီဝက်အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ကွန်တိုင်ကျေးရွာမှ ဒေါ်အဝင်းမေက “ဒီနေ့မနက် ၉ နာရီကျော်လောက်မှာ မိုင်း ၂ လုံးပေါက်သံကြားတယ်။ သေနတ်သံတွေပစ်တာ နာရီဝှက်လောက်ကြားရတယ်။ ကျွန်မတို့လဲ ချောင်းနံဘေးမှာမိုးစိုခံပြီး ပုန်းနေခဲ့ကြ ရတယ်။ ကျွန်မတို့သိရတာက ငါးကန်မှာစခန်းချနေတဲ့စစ်သားတွေက ၅၆၅ တပ်ရင်းကရိက္ခာယူပြီးအပြန်မှာ ကွမ်တိုင်ရွာနဲ့ တစ်မိုင်ခွဲလောက်အကွာမှာ မိုင်းနှစ်လုံးပေါက်ပြီး တိုက်ပွဲဖြစ်တာလို့ သိရတယ်” ဟု ဆိုသည်။

၎င်းကဆက်လက်၍ “စစ်သားတွေက ရွာသားတွေကိုဘာမှမလုပ်ခဲ့ပါဘူး။ ဝက်တစ်ကောင် ယူသွားတယ်။ ရွာအနီးသင်္ချိုင်းနဲ့ ရွာဝင်ဝတွေမှာ စစ်တပ်ကစခန်းတွေချထားတာတော့ရှိတယ်” ဟု ပြောသည်။

ကွန်တိုင်ကျေးရွာတွင် အိမ်ခြေ ၆၀ ခန့်ရှိပြီး စက်တင်ဘာလ ၈ ရက်နေ့ကလည်း ရွာအနီးတိုက်ပွဲဖြစ်ပွား၍ မိသားစုအချို့ ဘူးသီးတောင်မြို့ပေါ်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

လက်ရှိမှာ လက်လုပ်လက်စားမိသားစုအချို့သာ ရွာတွင်ကျန်နေခဲ့ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောသည်။

ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ကွန်တိုင်ကျေးရွာအနီးတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်းအတည်ပြုပြောဆိုသည်။

“မိုင်းပေါက်တာတော့မှန်တယ်။ တစ်လုံးလား၊ နှစ်လုံးလားတော့မသိဘူး။ ဝက်တွေယူသွားတယ်ဆိုတာတော့ မသိရဘူး။ ယူသွားတယ်ဆိုရင် ကျွန်တော်တို့ကို အကြောင်းကြားလာမှာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ဘူးသီးတောင်မြို့နယ်နှင့် မောင်တောမြို့နယ်အား ဖြတ်ဖောက်ထားသည့် မေယုတောင်ကျော်လမ်းရှိ ဒိုးတန်းချောင်းထဲတွင် မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စက်တင်ဘာ ၁၆ ရက် နေ့လည်ပိုင်းနှင့် စက်တင်ဘာလ ၁၇ ရက်နေ့တို့တွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်းလည်း ဒေသခံများထံမှသိရသည်။

ကုလားတန်မြစ်ကြောင်းအတိုင်းသွားလာသည့် စစ်ရေယာဉ်တစင်းအား ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - DMG
April 25, 2026
အာရက္ခတပ်တော် ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ ရမ်းဗြဲနှင့် တောင်ကုတ်မြို့နယ် ရေပြင်တကြောတွင်...
ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်များအား ၂၀၂၄ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 24, 2026
ရခိုင်ဒေသအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာသည်နှင့်အမျှ...
April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...