မွန်ပြည်နယ်တွင် မဲရုံ ၂၂ ရုံ ထပ်တိုးထားရန် ပြင်ဆင်

မွန်ပြည်နယ်တွင် မဲရုံ ၂၂ ရုံ ထပ်တိုးထားရန် ပြင်ဆင်
၂၀၁၅ ရွေးကောက်ပွဲ-သံဖြူဇရပ်မြို့ အောင်သာယာရပ်ကွက် မဲရုံ (MNA)
၂၀၁၅ ရွေးကောက်ပွဲ-သံဖြူဇရပ်မြို့ အောင်သာယာရပ်ကွက် မဲရုံ (MNA)

ရန်လင်းအောင် — လာမည့် နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် Covid-19 ကြောင့်နှင့် ပထမအကြိမ် မဲစာရင်း ကပ်ထားကြေငြာထားသည့်အပေါ် မူတည်ပြီး မဲရုံ ၂၂ ရုံကို ထပ်တိုးရန် ပြင်ဆင်ထားသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ပြောကြားသည်။

“လက်ရှိမှာတော့ တိုးလာနိုင်တယ်။ တစ်ချို့မှာ ဥပဒေမှာက ၃၀၀ ကနေ ၃၀၀၀ ကိုဗစ်လည်းရှိနေတော့ ၃၀၀၀ ကျော်သွားတဲ့ မဲရုံတွေကို သက်ဆိုင်တဲ့ မြို့နယ်ကနေ မဲရုံတွေကို ပြန်ခွဲထုတ်တယ်။ လက်ရှိမှာက ပထမအကြိမ် မဲစာရင်း ကပ်ထားကြေညာပြီးတဲ့ အချိန်မှာ မဲရုံထပ်တိုးဖို့ ပြင်ဆင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းတို့ ထပ်တိုးမည့် မဲရုံ ၂၂ ရုံအတွက် မဲရုံ ဝန်ထမ်းများနှင့် မဲရုံသုံး ပစ္စည်းများကို လျာထားဆောင်ရွက်ထားပြီဖြစ်သည်ဟု ဦးဟိဏ်းလင်းထက်က ဆိုသည်။

ရွေးကောက်ပွဲ ဥပဒေအရ မဲရုံတစ်ရုံကို လူဦးရေ ၃၀၀ နှင့် ၃၀၀၀ ကြား သတ်မှတ်ရမှာဖြစ်ပြီး လက်ရှိမဲရုံ ထပ်တိုးသည့် မဲရုံများက လူဦးရေ ၃၀၀၀ ကျော်လွန်သည့် သထုံမြို့နယ် ၊ သံဖြူဇရပ်မြို့နယ်၊ ပေါင်မြို့နယ် စသည့်မြို့နယ်များမှ မဲရုံများ ဖြစ်သည်။

“တစ်ချို့မဲရုံတွေက ၂၈၀၀ လောက် ရှိတယ် ပုံစံ ၃ နဲ့ ထပ်လျှောက်လာလို့ ၃၁၀၀ ဖြစ်သွားလို့ ရှိရင် ဥပဒေအရ ၃၀၀၀ ကျော်ရင် မဲရုံ ခွဲပေးရတယ်ပေါ့ တစ်ချို့ ရပ်ကွက်မှာ မဲရုံ ၁ ၊၂ ၊ ဆိုရင် ၃ တိုးတာပေါ့ အခု ဖြစ်နေတဲ့ Covid ကြောင့်လည်း မျှရတာပေါ့” ဦးဟိဏ်းလင်းထက်က ဆိုသည်။

မွန်ပြည်နယ်မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၁၇ ပါတီမှာ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၃၀၂ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်သည်။

မွန်ပြည်နယ်တွင် မဲပေးခွင့် ရှိသူ ၁၇ သိန်း ၆ သောင်းကျော်တွင် ပထမဦးဆုံး မဲပေးမည့် လူငယ် (First time Voter) ၂ သိန်းကျော်၊ မသန်စွမ်း ၄၀၀၀ ကျော်ရှိပြီး မဲရုံ ၉၇၀ ရုံ ဖွင့်လှစ်ရန် လျာထားသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မဲရုံ ၉၁၉ ရုံဖွင့်လှစ်ခဲ့ပြီး မဲပေးခွင့်ရှိသူ ၁၅ သိန်း ၃ သောင်းကျော်ရှိသည့်အနက် ၅၁ ဒဿမ ၃ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြောင်း သတင်းမှတ်တမ်းများတွင် ဖော်ပြသည်။

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...