ရန်ကုန် Stay at home သတ်မှတ်နေရာများမှ မော်လမြိုင်နှင့် မုဒုံမြို့နယ်သို့လာပါက Quarantine ဝင်ရမည်

ရန်ကုန် Stay at home သတ်မှတ်နေရာများမှ မော်လမြိုင်နှင့် မုဒုံမြို့နယ်သို့လာပါက Quarantine ဝင်ရမည်

လတ်တလော Stay at home သတ်မှတ်ထားသော ရန်ကုန်တိုင်းဒေသကြီး (၇) မြို့နယ်မှ မွန်ပြည်နယ် မော်လမြိုင်နှင့် မုဒုံမြို့နယ်သို့လာရောက်ပါက CBFQ (Quarantine) ဝင်ရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လတ်တလော မွန်ပြည်နယ်တွင် Covid 19 ပိုးတွေ့ရှိထားသူ ၁၀ ဦးရှိသည့်အနက် ၄ ဦးမှာ လူမှုကူညီရေးစေတနာ့ဝန်ထမ်းများနှင့် ၁ ဦးမှာ ပြည်ပမှပြန်လာပြီး မော်လမြိုင်မြို့နယ်တွင်  အသွားအလာကန့်သတ်ခံထားသူ ဖြစ်သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက “ရန်ကုန် Stay at home လုပ်ထားတဲ့ ၇ မြို့နယ်က လာရင်တော့ Quarantine ဝင်ရမယ်”ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ သင်္ဃန်းကျွန်း၊ အင်းစိန်၊ မြောက်ဥက္ကလာပ၊ သာကေတ၊ လှိုင်၊ ပုဇွန်တောင်နှင့် မင်္ဂလာဒုံမြို့နယ် တို Stay at home အဖြစ် ကန့်သတ်နေထိုင်သွားရန် စက်တင်ဘာလ ၁ ရက်နေ့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် မော်လမြိုင်မြို့ပေါ်ရှိ မုပွန်ရပ်ကွက်နှင့် စစ်ကဲကုန်း ရပ်ကွက်တို့ကို Stay at home အဖြစ် ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနက စက်တင်ဘာလ ၂ ရက်နေ့တွင် အမိန့် ကြေငြာချက် ထုတ်ပြန်ထားသည်။

အလားတူ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး Stay at home (၇) မြို့နယ်၊  နိုင်ငံခြားပြည်တော် ပြန်များ မုဒုံမြို့နယ် အတွင်းသို့  ဝင်ရောက်လာပါက Quarantine ၂၁ ရက် မဖြစ်မနေ ဝင်ရောက်ရမည်ဖြစ်ကြောင်း မုဒုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သတင်းရရှိသည်။

ထို့အတူ မွန်ပြည်နယ်အဝင် စစ်တောင်းတံတားလမ်းသစ်/လမ်းဟောင်းတွင် ကိုဗစ်ရောဂါစစ်ဆေးရေးဂိတ် ၂ ခု ဖွင့်လှစ်ထားရှိပြီ ရခိုင်ပြည်နယ်မှ လာရောက်သူများ Quarantine ဝင်ရမည်ဟု သိမ်ဇရပ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အသိပေးထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၆ ရက်နေ့မတိုင်မီက Covid 19 ပိုးတွေ့လူနာ ၃၇၄ ဦးသာရှိခဲ့ရာမှ ယနေ့ စက်တင်ဘာ ၃ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁,၁၁၁) ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ အများဆုံးတွေ့ရှိထားသည်။

Photo- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သည့် Covid 19 ပိုးတွေ့လူနာစာရင် (MoHS)

May 21, 2026
ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်ကောင်စီအဖွဲ့များက ဒေသခံများကို...
May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...