မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်နှင့် စစ်ကဲကုန်း ရပ်ကွက်တို့ကို Stay at home ကြေငြာ

မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်နှင့် စစ်ကဲကုန်း ရပ်ကွက်တို့ကို Stay at home ကြေငြာ

ရန်လင်းအောင် — မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မုပွန်ရပ်ကွက်နှင့် စစ်ကဲကုန်းရပ်ကွက်ကို Stay at home အဖြစ် အသွားအလာကန့်သတ် ကြေငြာလိုက်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

စက်တင်ဘာလ ၂ ရက်နေ့မှာ ကျင်းပတဲ့ မွန်ပြည်နယ် Covid 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးက ဆုံးဖြတ်ချက် ချခဲ့ခြင်း ဖြစ်သည်။

“Stay at home ကြေငြာဖို့ အစီအစဉ်ကိုတော့ လက်ရှိမှာ ကျွန်တော်တို့ မုပွန်ရပ်ကွက်နဲ့ စစ်ကဲကုန်း ရပ်ကွက် ရပ်ကွက်နှစ်ခုကိုတော့ ဒီနေ့ကစပြီ” ဟု ၎င်းကဆိုသည်။

ယင်းအပြင် လူမှုကူညီရေးအဖွဲ့များ  အနေဖြင့် Covid 19 ပိုး ထိတွေ့သူများအား သွားရောက်ခေါ်ဆောင်ရာတွင် အနည်းဆုံးအင်အားကိုပဲ အသုံးပြုသင့်သည်ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

“ကယ်ဆယ်ရေးအဖွဲ့တွေက မတူတဲ့ အခါကျတော့ သူခေါ်ကိုယ်ခေါ်နဲ့ အချိတ်အဆက်မမိဘဲနဲ့ Contact Person တွေကို ခေါ်ရာမှာ ကားတွေတအားများတယ် လူတွေတအားများတယ် များပြီးတော့မှ သွားခေါ်တဲ့နေရာမှာ လူစုလူဝေး ပုံစံတွေ ဖြစ်ပြီး ဒီနေရာမှာ ကူးစက်မှုတွေ ရှိလာတယ် လို့ သွားတွေ့ရတယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် မော်လမြိုင်မြို့ရှိ ဆိုင်များကိုလည်း ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်ခွင့်ပြုထားပြီး အသွားအလာကန့်သတ်ထားသည့် ရပ်ကွက်များကိုလည်းလူစုလူဝေးမဖြစ်ရန် ရဲတပ်ဖွဲ့များကသာ လုံခြုံရေးအပိုင်းကို ကင်းလှည့် တာဝန်ယူမှာလည်း ဖြစ်သည်။

စက်တင်ဘာလ ၁ ရက်နေ့ ည ၈ နာရီမှာမွန်ပြည်နယ်တွင် Covid 19 ပိုးတွေ့လူနာ ၈ ဦး တွေ့ရှိခဲ့ပြီး ၄ ဦးမှာ Case 771 နှင့် ထိစပ်သူများဖြစ်ပြီး ကျန် ၄ ဦးမှာ လူမှုကူညီရေး အသင်းများမှ စေတနာ့ဝန်ထမ်း များ ဖြစ်သည်။

မွန်ပြည်နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနကလည်း မုပွန်ရပ်ကွက်နှင့် စစ်ကဲကုန်း ရပ်ကွက်ကို နေအိမ်တွင် နေထိုင်ရေး အသွားအလာကန့်သတ်ထားပြီး စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီတွင် အမိန့် စတင်သက်ရောက်ကြောင်း  အမိန့် ကြေငြာချက် ထုတ်ထားသည်။

အလားတူ ရန်ကုန်တိုင်းဒေသကြီးတွင် ၇ မြို့နယ်နှင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အားလုံးကို Stay at home အဖြစ် အသွားအလာကန့်သတ်ထားသည်။

March 6, 2026
အရပ်သားပြည်သူများကို ပိုမိုဆိုးရွားစွာ စောင့်ကြည့်နိုင်ရန် ဗဟိုမိုဘိုင်းလ်စက်ပစ္စည်း သက်သေခံ...
March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...