လူမျိုးရေးထိခိုက်မှုမရှိသော မဲဆွယ်မှုမျိုး TNLA ခွင့်ပြုမည်

လူမျိုးရေးထိခိုက်မှုမရှိသော မဲဆွယ်မှုမျိုး TNLA ခွင့်ပြုမည်

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးအတွက် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA လှုပ်ရှားရာဒေသများတွင် လူမျိုးရေး ထိခိုက်ပြောဆိုမှုမျိုး မပါဝင်ပဲ မဲဆွယ်စည်းရုံးခွင့်ပြုကြောင်း TNLA က ပြောသည်။

တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က “စည်းရုံးပေမယ့်လည်း လူမျိုးရေးကို ပုတ်ခတ်စေနိုင်တဲ့ ထိခိုက်စေနိုင်တဲ့ အကြောင်းအရာ ဟောပြောပွဲတွေ မရှိဖို့တော့ လိုတာပေါ့ ဒီ ရွေးကောက်ပွဲကို ကျနော်တို့က ထောက်လည်း မထောက်ခံဘူး။ ဒါပေမယ့် သူဟာသူ လူထုရဲ့ ဆန္ဒအရ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိတယ်။ ကျနော်တို့ က ဝင်ရောက် ဟန့်တားမှုတော့ မရှိပါဘူး” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှ ဖြစ်တည်လာသည့် ရွေးကောက်ပွဲကို မထောက်ခံသော်လည်း ၎င်းတို့ လှုပ်ရှားရာဒေသများတွင် ပါတီများ၏ မဲဆွယ်စည်းရုံးခွင့်နှင့် ပြည်သူများ လွတ်လပ်စွာ မဲပေးခွင့်ရှိသည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်က ဆက်ပြောသည်။

“(ရွေးကောက်ပွဲကို) မထောက်ခံပေမယ့် ဒီမိုကရေစီ နည်းကျကျ ကျနော်တို့ ဒေသမှာ ရှိတဲ့ လူထုတွေရဲ့ ဆန္ဒအရ ဘယ်သူမဆို ကိုယ်ကြိုက်တဲ့ လူလွတ်လွတ်လပ်လပ် မဲပေးလို့ရတယ်။ ဒီပါတီလည်း လွတ်လွတ်လပ်လပ် မဲဆွယ် စည်းရုံး လို့ရတယ်။”

TNLA လှုပ်ရှားရာ ဒေသများမှာ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊နမ့်ခမ်း၊ မူဆယ်၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုး မိတ်၊ နမ့်ဆန် အစရှိသည့် မြို့နယ်များဖြစ်သည်ဟု သိရသည်။

ထို့အတူ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက်သည့် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် SSPP/SSA ကလည်း ၎င်းတို့ လှုပ်ရှားရာဒေသတွင် နိုင်ငံရေးပါတီများအနေဖြင့် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်နှင့် မဲဆန္ဒရှင်ပြည်သူများကို လွတ်လပ်စွာ မဲပေးပိုင်ခွင့်ပြုမည်ဟု ပြောသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA အနေဖြင့် ယခင်က ၎င်းတို့၏ဒေသတွင် ပါတီများ၏ မဲဆွယ်စည်းရုံးခွင့်နှင့် ပြည်သူများ၏ မဲပေးခွင့်ကို ဟန့်တားမှုများ လုပ်ဆောင်ခြင်း မရှိသကဲ့သို့ လာမည့် ရွေးကောက်ပွဲတွင်လည်း လုပ်ဆောင်မည် မဟုတ်ကြောင်း SSPP/SSA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန်က ပြောသည်။

“ဒီမိုကရေစီနည်းအရ သူတို့ရဲ့ right ပေါ့။ အဲဒါကို ကျနော်တို့က အဓိက ဇောင်းပေးပြီးတော့ လွတ်လပ်စေချင်တယ်။ လွတ်လပ်စွာနဲ့ မဲပေးပိုင်ခွင့်ရှိ စေချင်တယ်။ ဒါကို အခွင့်အရေးတစ်ခုအနေနဲ့ ကျနော်တို့က ခွင့်ပြု တာ ဖြစ်တယ်ခင်ဗျာ။”

သို့သော် ရွေးကောက်ပွဲ ကော်မရှင်၏ မဲဆွယ်စည်းရုံးခွင့်ကာလ သတ်မှတ်ချက်အရ COVID-19 ကာလ ဖြစ်သည့် အတွက် ၎င်းတို့ဒေသတွင် ပါတီများ၏ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများမှာ ယခုအချိန်အထိ မတွေ့ရသေး ဟု SSPP/SSA ကပြောသည်။

SSPP/SSA လှုပ်ရှားရာဒေသများမှာ ကျေးသီး၊ မိုင်းနောင်၊ မိုင်းရှူး၊ တန့်ယန်း၊ မိုင်းရယ်၊ ဝမ်ဟိုင်း၊ သီပေါ၊  ကျောက်မဲနှင့် နမ္မတူ အစရှိသည့် မြို့နယ်များဖြစ်သည်။

တအန်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC ၏ အဖွဲ့ဝင်များဖြစ်သည်။

FPNCC အဖွဲ့ဝင်ဖြစ်သည့် PSLF/TNLA နှင့် SSPP/SSA တို့မှာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပါတီများအား မဲဆွယ်စည်းရုံးခွင့်၊ ပြည်သူများအား မဲပေးခွင့်ကို လွတ်လပ်စွာ ခွင့်ပြုထားသော်လည်း အခြားအဖွဲ့ဝင်ဖြစ် သည့် ကချင်လွတ်လပ်ရေးတပ်မတော် KIO/KIA မှာ ၂၀၀၈ အခြေခံဥပအောက်မှ ဖြစ်တည်လာခဲ့သည့် အထွေထွေ ရွေးကောက်ပွဲကို လက်မခံသကဲ့သို့ ၎င်းတို့ လှုပ်ရှားရာ ဒေသများတွင် မဲပေးခွင့်ပြုမည် မဟုတ် ကြောင်း KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံက ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာများကို  ပြောဆိုထားသည်။

May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...
May 14, 2026
မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ခြင်းသည် ငြိမ်းချမ်းရေးနှင့် ပိုမို အလှမ်းဝေး သွားစေမည်ဖြစ်သည့်အပြင်...
CTER-Karenni
May 12, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းတွင် စစ်တပ် စစ်ကြောင်းက စစ်ရှောင်စခန်းကို...
ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...