အမ်းမြို့နယ်တွင် ဖမ်းဆီးခံရသည့်ကျန်းမာရေးဝန်ထမ်းသုံးဦးအနက် နှစ်ဦးလွတ်မြောက်လာ

အမ်းမြို့နယ်တွင် ဖမ်းဆီးခံရသည့်ကျန်းမာရေးဝန်ထမ်းသုံးဦးအနက် နှစ်ဦးလွတ်မြောက်လာ

ထွန်းခိုင် — ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဖမ်းဆီးခံထားရသည့် ကျန်းမာရေးဝန်ထမ်းသုံးဦးအနက် နှစ်ဦးသည် ဩဂုတ် ၁၀ ရက်နေ့နံနက်တွင် လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

လွတ်မြောက်လာသူနှစ်ဦးမှာ သပြုချိုင်ကျေးအုပ်စုရှိ စည်တောင်ကြီးကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော ကိုငြိမ်းလင်းဇော် (၂၄ နှစ်)နှင့် သပြုချိုင်ကျေးရွာ ကျန်းမာရေးဌာနတွင် တာဝန်ထမ်းဆောင်သော ကိုမင်းကျော်နိုင်(၂၈ နှစ်)တို့ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ချစ်ပုံမကျေးရွာ ကျန်းမာရေးဌာနရှိ ပြည်သူ့ကျန်းမာရေးကြီးကပ် (၂)တွင် တာဝန် ထမ်းဆောင်နေသူ ကိုကျော်မင်းထွန်း (၂၇ နှစ်)နှင့်အတူ သြဂုတ်လ ၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အမ်းမြို့ ပြည်သူ့ဆေးရုံသို့ Mobile Tablet သင်တန်းတက်ရောက်ရန်သွားစဉ် တစ်မိုင်ကုန်း စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် သြဂုတ်လ ၁ဝ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကိုငြိမ်းလင်းဇော်နှင့် ကိုမင်းကျော်နိုင်တို့ လွှတ်ပေးလိုက်သော်လည်း ကိုကျော်မင်းထွန်းကို ဆက်လက်ဖမ်းဆီးထားသည်ဟု ကာယကံရှင်များက ပြောသည်။

ပြန်လည်လွတ်မြောက်လာသူ ကိုငြိမ်းလင်းဇော်က “မနေ့က ဆိုင်ကယ်နှစ်စီးနဲ့ကျနော်တို့ သုံးယောက် အမ်းပြည်သူ့ဆေးရုံးမှာ mobile tablet သင်တန်းတက်ဖို့သွားတာ။ တစ်မိုင်ကုန်း စစ်ဆေးရေးဂိတ်မှာ ကျနော်တို့ သုံးဦးကို ဖမ်းပါတယ်။ ကျနော်တို့ကို စစ်ဆေးတဲ့အချိန်မှာတော့ မျက်နှာတွေကို ပုဝါတွေနဲ့ စည်းထားတယ်။ တစ်ယောက် တစ်နေရာစီ စစ်ဆေးတယ်။ ဒီနေ့မနက်က ကျနော်တို့နှစ်ယောက်ကို ပြန်လွှတ်ပေးလိုက်တယ်။ ကိုကျော်မင်းထွန်း ကိုတော့ ကျနော်တို့ မတွေ့ခဲ့ရဘူး။ သူကိုဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာကို ကျနော်တို့ မသိခဲ့ဘူး။” ဟုပြောသည်။

ကိုကျော်မင်းထွန်းအား အမြန်ဆုံးပြန်လည် လွတ်မြောက်စေလိုကြောင်း ၎င်းက ဆက်ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ကျော်မိုးက “ကျနော်တို့ကတော့ ဆက်လက် စုံစမ်းပြီးတော့ လိုအပ်သလို လုပ်သွားရမှာပေါ့။ ကျနော်တို့က တာဝန်ရှိသူတစ်ယောက်အနေနဲ့တော့ တရားရင်ဆိုင်ရမယ်ဆိုရင် ကျနော်တို့ကတော့ ကူညီပေးသွားမှာပါ”ဟု ပြောသည်။ ၏

အဆိုပါကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါ။

Most read this week

ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...
August 25, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်ရှိ စိမ်းညင်းဝကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ...
ဓာတ်ပုံ - (CINCDS) သတင်းနှင့် မသက်ဆိုင်ပါ။ စစ်အုပ်စုတပ်၏ ရေတပ်စစ်ရေးလေ့ကျင့်မှုကို ဖော်ပြခြင်းသာ ဖြစ်ပါသည်။
August 24, 2026
အာရက္ခတပ်တော် (AA) နှင့် စစ်ရေး ပြင်းထန်နေသည့် စစ်အုပ်စု၏ ရေတပ်သည် ပေါက်တောမြို့နယ်၊ အနောက်...
August 24, 2026
စစ်အုပ်စုတပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာပြီးနောက် ကပစ (၁၆) နှင့် ညောင်ကျိုး ပတ်ဝန်းကျင်တို့...