စစ်တွေတွင် သူခိုးလိုက်ဖမ်းသည့်လှေ ကုလားတန်မြစ်အတွင်းနစ်ရာမှ အမျိုးသားတစ်ဦးပျောက်ဆုံးနေ

စစ်တွေတွင် သူခိုးလိုက်ဖမ်းသည့်လှေ ကုလားတန်မြစ်အတွင်းနစ်ရာမှ အမျိုးသားတစ်ဦးပျောက်ဆုံးနေ

သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ကျေးတောအုပ်စု၊ ရွှေပြည်သာပိုက်ဆိပ်မှ အမျိုးသားတစ်ဦးမှာ ကုလားတန်မြစ်အတွင်း ရွာသားများနှင့်အတူ သူခိုးကို ဝိုင်းလိုက်ဖမ်းကြရာမှ လှေနစ်ပြီး ပျောက်ဆုံးနေသည်ဟု မိသားစုဝင်များက ပြောသည်။

၎င်းဖြစ်စဉ်မှာ သြဂုတ်လ ၁ဝ ရက် နံနက် ၅ နာရီခွဲခန့်က ဆတ်ရိုးကျချောင်းအဝ ကုလားတန်မြစ်ထဲတွင် ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးနေသောသူမှာ တံငှာအလုပ်ဖြင့် အသက်မွေးနေသူ ဦးထွန်းထွန်းအေး အသက် (၃၆) နှစ် ဖြစ်ကြောင်း သိရသည်။

ပျောက်ဆုံးနေသူ၏ တူတော်စပ်သူ ကိုဇော်လင်းဦးက “ သူခိုးတွေက မနက် ၅ နာရီလောက်မှာ စက်လှေပေါ်က စက်တွေကို လာခိုးတယ်။ ကျွန်တော်နဲ့အတူရွာသား ၇ ယောက်က လှေနဲ့ သူခိုးဖမ်းဖို့ လိုက်သွားတယ်။ ဆတ်ရိုးကျချောင်းဝ ကုလားတန်မြစ်ထဲမှာ လိုက်လို့ မီတော့ သူခိုးနှစ်ယောက်မှာ တစ်ယောက်က ရေကူးပြီး ထွက်ပြေးသွားတယ်။ ကျန်တဲ့ တစ်ယောက်ကို သူခိုးလားမေးတော့ ကျွန်တော်တို့ကို အဲဒီသူခိုးက လှော်တက်နဲ့ လှမ်းရိုက်တယ်။ အဲဒီနေရာမှာ သူခိုးကို ဖမ်းဖို့လုပ်တော့ ရုန်းရင်းဆန်းခတ်ဖြစ်ပြီး သူခိုးလှေရော ကျွန်တော်တို့ လှေပါ နစ်သွားတယ်။ သူခိုးက ရေကူးပြီး ထွက်ပြေးသွားတယ်။ မြစ်ရေစီးက သန်တော့ ကျွန်တော်တို့ ဟိုဘက်ကမ်းလည်း ကူးလိုမရဘူး။ ဒီဘက် ကမ်းလည်း ကူးလို မရဘူး။အဲဒီချိန်မှာ မနက်စောစော အလုပ်သွားတဲ့ သမ္ဗာန်သမားကို လှမ်းအကူညီတောင်းရတယ်။ ကျွန်တော်တို့ သမ္ဗာန်ပေါ် ရောက်တော့ ကျွန်တော် ဦးလေးကို လိုက်ရှာပေမယ့် လုံးဝရှာမတွေတော့ဘူး” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

သူခိုးများစီးလာသော ဟွန်ဒါစက်လှေရှိ အိတ်ထဲက လေးဂွ၊ ဓားတိုတစ်ချောင်း၊ ခေါင်းစည်းဓာတ်မီး၊ ဖုန်းအားသွင်းကြိုးနှင့်စက်ပြင်ပစ္စည်းများကို ရွာသားများ သိမ်းဆည်းရမိထားကြောင်း ရွာသားများကပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆတ်ရိုးကျရဲ ကင်းစခန်းကို အကြောင်းကြားထားသည်ဟုဆိုသည်။

ဦးထွန်းထွန်းအေးမှ ဇနီးနှင့်အတူ ၈ နှစ် အရွယ်သားတစ်ယောက်၊၇ နှစ်နှင့်၂ နှစ် အရွယ် သမီးနှစ်ယောက် ကျန်နေခဲ့သည်။

၎င်းကို ပြန်ရှာမတွေသဖြင့် စိုးရိမ်ကြောင့်ကြနေကြောင်း မိသားစုဝင်များက ပြောသည်။

ဓာတ်ပုံ - လင်းရောင်ခြည်ဖောင်ဒေးရှင်းက အခမဲ့ဖွင့်လှစ်ခဲ့သည့်ကျောင်းများရှိ စစ်ရှောင်ကျောင်းသူ၊ ကျောင်းသားများအား ယခင်နှစ်က တွေ့ရစဉ်။
May 22, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်းရှိ လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သော လင်းရောင်ခြည်ဖောင်ဒေးရှင်းက ယခု...
May 21, 2026
“အာရက္ခပြည်မှာ ကြိုးပမ်းတည်ဆောက်နေတဲ့ လူမျိုးပေါင်းစုံချစ်ကြည်ရေး၊...
May 20, 2026
မောင်စာဂ — ရခိုင်ပြည်၊ မြေပုံမြို့နယ်မှ အရပ်သားရှစ်ဦးကို စစ်အုပ်စု၏နေဗီတစ်စီးက ဖမ်းဆီးသွားသည်ဟု...
May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...