ပဲခူးတိုင်းနှင့်တနင်္သာရီတိုင်း ကော့သောင်း မြို့မှာပါ မွန်ညီညွတ်ရေး ပါတီ ယှဉ်ပြိုင်မည်

ပဲခူးတိုင်းနှင့်တနင်္သာရီတိုင်း ကော့သောင်း မြို့မှာပါ မွန်ညီညွတ်ရေး ပါတီ ယှဉ်ပြိုင်မည်

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မွန် ၊ ကရင် ၊ တနင်္သာရီ နဲ့ ရန်ကုန်တိုင်းအပြင် ပဲခူးတိုင်းမှာပါ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ မွန်ညီညွတ်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ပြောပါတယ်။

မွန် ၊ ကရင် ၊ တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဲ့ ရန်ကုန်တိုင်းက မဲဆန္ဒနယ်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း (၆၂) ဦး အမည်စာရင်းကို ဇူလိုင်လ (၂၅)ရက်နေ့မှာ ပါတီက ကနဦး ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိမှာတော့ အဆိုပါ မဲဆန္ဒနယ်တွေအပြင် ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်း ကော့သောင်းမြို့မှာပါ ကိုယ်စားလှယ်လောင်း (၆) ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။

“ပဲခူးမှာ နှစ်ဦးပြိုင်မယ် ၊ ကော့သောင်းမှာလဲ လေးဦး ပြိုင်မယ် ။ အားလုံး တိုင်းနဲ့ပြည်နယ် ငါးခုမှာ ကိုယ်စားလှယ်လောင်း (၆၈) ဦး ပြိုင်မယ်”လို့ နိုင်စံတင်က ပြောပါတယ်။

မွန်အမျိုးသား ကိုယ်စားပြုအနေနဲ့ ပဲခူးတိုင်းဒေသကြီးကို ၁၉၉၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ၂၀၁၀ ၊၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ပါတီတွေ မယှဉ်ပြိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ၂၀၁၀ ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မယှဉ်ပြိုင်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးက မဲဆန္ဒနယ်တွေမှာတော့ အခု ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း (၇) ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမယ်လို့ ဆိုပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာတော့ မွန်ညီညွတ်ရေးပါတီဟာ မွန် ၊ ကရင်၊ တနင်္သာရီ ၊ ပဲခူးတိုင်းနဲ့ရန်ကုန်တိုင်းတို့က မဲဆန္ဒနယ်တွေမှာ ကိုယ်စားလှယ်လောင်း (၆၈) ဦး ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ကိုယ်စားလှယ်လောင်းအများစုဟာ ရွေးကောက်ပွဲကော်မရှင်ထံ လျှောက်လွှာတင်ထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ရာမှာတော့ ဥပဒေပြုရေးဆိုင်ရာ ပညာရပ်တွေ အဆိုတင်သွင်းတဲ့ အသိပညာတွေ အပါအဝင် အခြား စံသတ်မှတ်ချက် (၁၉)ချက်နဲ့ ရွေးချယ်ခဲ့တယ်လို့ ဆိုပါတယ်။

သတင်း- သံလွင်တိုင်းမ်

May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...