သီပေါမြို့တွင် အမျိုးသမီး တဦး ဓားဒဏ်ရာဖြင့် သေဆုံး

သီပေါမြို့တွင် အမျိုးသမီး တဦး ဓားဒဏ်ရာဖြင့် သေဆုံး

နန်းဆိုင်ဖူး - သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် နေအိမ်တစ်ခုအတွင်း ဓားဒဏ်ရာနှင့် အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၄ ရက် မနက် ၉ နာရီခွဲအချိန်က သီပေါမြို့နယ် ပေါက်ဝိန်းစန်းရပ်ကွက်ရှိ နေအိမ်တခုအတွင်း လင်မယား နှစ်ဦး ဓါးဒဏ်ရာများဖြင့်လဲကျနေပြီး အမျိုးသမီး ဖြစ်သူမှာ သေဆုံးလျှက်ရှိကြောင်း သီပေါမြို့ရှိ နယ်စည်းမခြား ပရဟိတ ကိုမျိုး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“လင်မယား စကားများရန်ဖြစ်တာလားတော့ မသိဘူး။ အမျိုးသမီးကတော့ သေဆုံးသွားပြီ။ အမျိုးသားကတော့ အရေးပေါ် ကုသနေပါတယ်။” ကိုမျိုး ကပြောသည်။

သေဆုံးသူ အမျိုးသမီးသည် အသက် ၂၄ နှစ်အရွယ်ရှိပြီး ဘယ်ဖက်ရင်ညွှန့်နားတွင် ထိုးသွင်း ဒဏ်ရာ ၂ ချက်တွေ့ရကြောင်း ကိုမျိုးက ပြောသည်။

အဆိုပါ လင်မယား ၂ ဦး ဓားဒဏ်ရာ ရရှိသည့် ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးသော်လည်း သီပေါဒေသခံများ ပြောပြချက်အရ လင်မယား ၂ ဦးမှာ စကားများရာမှ ဓားထိုးသည့် အဆင့်ဖြစ်သွားခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါအမှုအား လက်ရှိ သီပေါမြို့မ ရဲစခန်းတွင်အမှုဖွင့်ထားကြောင်း၊ ဓါးထိုးမှုအထိဖြစ်ပွါးရခြင်းနှင့်ပတ်သက်ပြီး အမျိုးသားထံမှ စစ်ဆေးမှုရယူနိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်းသာ သိရသည်။

May 19, 2026
စိုင်းဆိုင်အိုက် - သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်မှု ( ကျားဖြန့်)...
May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...