သီပေါမြို့တွင် အမျိုးသမီး တဦး ဓားဒဏ်ရာဖြင့် သေဆုံး

သီပေါမြို့တွင် အမျိုးသမီး တဦး ဓားဒဏ်ရာဖြင့် သေဆုံး

နန်းဆိုင်ဖူး - သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့တွင် နေအိမ်တစ်ခုအတွင်း ဓားဒဏ်ရာနှင့် အမျိုးသမီးတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သြဂုတ်လ ၄ ရက် မနက် ၉ နာရီခွဲအချိန်က သီပေါမြို့နယ် ပေါက်ဝိန်းစန်းရပ်ကွက်ရှိ နေအိမ်တခုအတွင်း လင်မယား နှစ်ဦး ဓါးဒဏ်ရာများဖြင့်လဲကျနေပြီး အမျိုးသမီး ဖြစ်သူမှာ သေဆုံးလျှက်ရှိကြောင်း သီပေါမြို့ရှိ နယ်စည်းမခြား ပရဟိတ ကိုမျိုး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“လင်မယား စကားများရန်ဖြစ်တာလားတော့ မသိဘူး။ အမျိုးသမီးကတော့ သေဆုံးသွားပြီ။ အမျိုးသားကတော့ အရေးပေါ် ကုသနေပါတယ်။” ကိုမျိုး ကပြောသည်။

သေဆုံးသူ အမျိုးသမီးသည် အသက် ၂၄ နှစ်အရွယ်ရှိပြီး ဘယ်ဖက်ရင်ညွှန့်နားတွင် ထိုးသွင်း ဒဏ်ရာ ၂ ချက်တွေ့ရကြောင်း ကိုမျိုးက ပြောသည်။

အဆိုပါ လင်မယား ၂ ဦး ဓားဒဏ်ရာ ရရှိသည့် ကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်မသိရှိရသေးသော်လည်း သီပေါဒေသခံများ ပြောပြချက်အရ လင်မယား ၂ ဦးမှာ စကားများရာမှ ဓားထိုးသည့် အဆင့်ဖြစ်သွားခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါအမှုအား လက်ရှိ သီပေါမြို့မ ရဲစခန်းတွင်အမှုဖွင့်ထားကြောင်း၊ ဓါးထိုးမှုအထိဖြစ်ပွါးရခြင်းနှင့်ပတ်သက်ပြီး အမျိုးသားထံမှ စစ်ဆေးမှုရယူနိုင်ရန် ကြိုးစားနေဆဲဖြစ်ကြောင်းသာ သိရသည်။

January 9, 2026
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် စစ်ကော်မရှင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၂) အတွက်...
January 9, 2026
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/...
January 8, 2026
သျှမ်းပြည် တန့်ယန်းမြို့တွင် ရွေးကောက်ပွဲ၌ မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု...
January 8, 2026
စိုင်းဟန်လင်း — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် စစ်ကော်မရှင် ပြုလုပ်မည့်...