ဖားဆောင်းမြို့အနီး ပစ်ခတ်မီးရှို့မှု မည်သည့်လက်နက်ကိုင်ဖြစ်သည်ကို စုံစမ်းနေ

ဖားဆောင်းမြို့အနီး ပစ်ခတ်မီးရှို့မှု မည်သည့်လက်နက်ကိုင်ဖြစ်သည်ကို စုံစမ်းနေ

ဖားဆောင်းမြို့နယ်အနီး သိမ်းဆည်းရမိတဲ့သစ်တွေ သယ်ဆောင်လာတဲ့ ကားပစ်ခတ်မီးရှို့ခံခဲ့ရတဲ့ ဖြစ်ရပ် မည်သည့်လက်နက်ကိုင်ဖြစ်သည်ကို လိုက်လံစိစစ်နေတယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောပါတယ်။

ဝန်ကြီး ဦးတီရယ်က “ (ကား) မောင်းပြန်တော့ သေနတ်ကိုင်ထားပြီး မျက်နှာဖုံးစွပ်ထားတဲ့ လူ ၁၀ လောက်က ၁၅ မိနစ်လောက် ကားတာယာကိုပစ်ဖောက်တယ် ပြီးတော့ အသင့်ယူလာတဲ့ ဓာတ်ဆီကို ကားပေါ်မှာလောင်းပြီးမီးရှို့ပြီး သူတို့ထွက်သွားလိုက်တယ်။ နောက်ဆုံးကားတစ်စီးမီးလောင်ပျက်စီးသွားတယ် အဲ့လောက်ပဲသိတယ်ပေါနော်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက် ညပိုင်းက ဖားဆောင်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာမှာ လက်နက်ကိုင်သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့က သိမ်းဆည်းရမိတဲ့ တရားမဝင်ကျွန်းသစ်နှင့်ပိတောက်သစ်မျိုးစုံ တန် ၅၀ ခန့်ကိုတင်ဆောင်လာတဲ့ မော်တော်ယာဉ်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

၎င်းကိစ္စရပ်နဲ့ပတ်သက်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့်ပတ်သက်မှုမရှိကြောင်း KNPP အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောပါတယ်။

၎င်းက “ကျနော်တို့အဖွဲ့အစည်းအနေနဲ့မှတ်ချက်ပေးစရာမရှိပါဘူး။ ဒီကိစ္စက အကျိုးစီးပွားနဲ့ဆိုင်တော့ ကျနော်တို့အဖွဲ့အစည်းအနေနဲ့မှတ်ချက်ပြုစရာမရှိဘူး” လို့ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ထိုလက်နက်ကိုင် သောင်းကျန်းသူတစ်စုသည် မည်သည့်အဖွဲ့အစည်း မည်သူမည်ဝါ ဆိုသည်ကို မသိရသေးပဲ သက်ဆိုင်ရာဌာနများက စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ကယား(ကရင်နီ) ပြည်နယ်အတွင်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ KNPP အပြင် တခြား ပြည်သူ့စစ်အသွင်ပြောင်းထားတဲ့အဖွဲ့တွေ နယ်ခြားစောင့်တပ်တွေ လည်းရှိနေပါတယ်။

Most read this week

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း တစ်နေရာမှ စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်။ - ပုံဟောင်း / Crd
September 1, 2026
ကရင်နီပြည်တွင် တွေ့ရှိရသည့် မြေပြင်အခြေအနေများနှင့် တရားရုံးသို့ တက်လာသည့် အမှုအခင်းများကြောင့်...
ဓာတ်ပုံ - (ရှားတောမြို့နယ်တွင် မိခင်နှင့် ကလေးငယ်အတွက် ကာကွယ်ဆေးထိုးနှံပေးနေသည့်မြင်ကွင်း - ပုံဟောင်း / CHDN)
August 31, 2026
ကရင်နီပြည်၊ တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်နယ်မြေအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေး...
ဓါတ်ပုံ - (၂၀၂၆ ခုနှစ် မေလတွင် စစ်အုပ်စုတပ်က ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့စဉ် / မိုးဗြဲ PDF)
August 29, 2026
ရှမ်း-ကရင်နီ နယ်စပ်ရှိ မိုးဗြဲမြို့၊ လွယ်ယင်းတောင်ခြေဘက်သို့ ဩဂုတ်လ ၂၈ ရက်က အင်အား ၂၀၀ ခန့်ဖြင့်...
ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...