ဖားဆောင်းမြို့အနီး ပစ်ခတ်မီးရှို့မှု မည်သည့်လက်နက်ကိုင်ဖြစ်သည်ကို စုံစမ်းနေ

ဖားဆောင်းမြို့အနီး ပစ်ခတ်မီးရှို့မှု မည်သည့်လက်နက်ကိုင်ဖြစ်သည်ကို စုံစမ်းနေ

ဖားဆောင်းမြို့နယ်အနီး သိမ်းဆည်းရမိတဲ့သစ်တွေ သယ်ဆောင်လာတဲ့ ကားပစ်ခတ်မီးရှို့ခံခဲ့ရတဲ့ ဖြစ်ရပ် မည်သည့်လက်နက်ကိုင်ဖြစ်သည်ကို လိုက်လံစိစစ်နေတယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က ပြောပါတယ်။

ဝန်ကြီး ဦးတီရယ်က “ (ကား) မောင်းပြန်တော့ သေနတ်ကိုင်ထားပြီး မျက်နှာဖုံးစွပ်ထားတဲ့ လူ ၁၀ လောက်က ၁၅ မိနစ်လောက် ကားတာယာကိုပစ်ဖောက်တယ် ပြီးတော့ အသင့်ယူလာတဲ့ ဓာတ်ဆီကို ကားပေါ်မှာလောင်းပြီးမီးရှို့ပြီး သူတို့ထွက်သွားလိုက်တယ်။ နောက်ဆုံးကားတစ်စီးမီးလောင်ပျက်စီးသွားတယ် အဲ့လောက်ပဲသိတယ်ပေါနော်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက် ညပိုင်းက ဖားဆောင်းမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၂၀ ခန့်အကွာမှာ လက်နက်ကိုင်သောင်းကျန်းသူ(စိစစ်ဆဲ)အဖွဲ့က သိမ်းဆည်းရမိတဲ့ တရားမဝင်ကျွန်းသစ်နှင့်ပိတောက်သစ်မျိုးစုံ တန် ၅၀ ခန့်ကိုတင်ဆောင်လာတဲ့ မော်တော်ယာဉ်တွေကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားတာဖြစ်ပါတယ်။

၎င်းကိစ္စရပ်နဲ့ပတ်သက်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့်ပတ်သက်မှုမရှိကြောင်း KNPP အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့်က ပြောပါတယ်။

၎င်းက “ကျနော်တို့အဖွဲ့အစည်းအနေနဲ့မှတ်ချက်ပေးစရာမရှိပါဘူး။ ဒီကိစ္စက အကျိုးစီးပွားနဲ့ဆိုင်တော့ ကျနော်တို့အဖွဲ့အစည်းအနေနဲ့မှတ်ချက်ပြုစရာမရှိဘူး” လို့ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး ထိုလက်နက်ကိုင် သောင်းကျန်းသူတစ်စုသည် မည်သည့်အဖွဲ့အစည်း မည်သူမည်ဝါ ဆိုသည်ကို မသိရသေးပဲ သက်ဆိုင်ရာဌာနများက စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ကယား(ကရင်နီ) ပြည်နယ်အတွင်းမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ KNPP အပြင် တခြား ပြည်သူ့စစ်အသွင်ပြောင်းထားတဲ့အဖွဲ့တွေ နယ်ခြားစောင့်တပ်တွေ လည်းရှိနေပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...