ရသေ့တောင်မြို့နယ်မှ မိုင်းပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့သူ စစ်တွေဆေးရုံတွင် သေဆုံး

ရသေ့တောင်မြို့နယ်မှ မိုင်းပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့သူ စစ်တွေဆေးရုံတွင် သေဆုံး

ထွန်းခိုင် - ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ငတောက်တူချေကျေးရွာမှ မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့သော ဦးမောင်ကျော်သန်း (၆၆) နှစ်သည် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီးတွင် ဇူလိုင် ၉ ရက်နံနက် ၄ နာရီအချိန်ခန့်က သေဆုံးသွားကြောင်း သတင်းရရှိသည်။

ငတောက်တူချေကျေးရွာမှ ဦးမောင်ကျော်သန်းသည် ကျွန်းတောင်အနီး သူ၏လယ်ကွင်းမှာ နွားကျောင်းနေစဉ် ဇူလိုင် ၈ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်ခန့်က မိုင်းကွဲမှုကြောင့် ခြေထောက်နှစ်ဘက်တွင် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သည်။

၎င်းနောက် ဦးမောင်ကျော်သန်းအား ရသေ့တောင်မြို့နယ် ဆေးရုံသို့ ယူဆောင်ခဲ့ပြီး ဒဏ်ရာ အခြေအနေဆိုးရွားသဖြင့် ရသေ့တောင်မြို့နယ်ဆေးရုံမှ စစ်တွေ ပြည်သူ့ဆေးရုံကြီးသို့ ဇူလိုင် ၈ ရက်နေ့ ညနေတွင် ထပ်မံယူဆောင်လာခဲ့ကာ ဇူလိုင် ၉ ရက် နံနက် ၄ နာရီခန့်က သေဆုံးသွားခြင်း ဖြစ်သည်။

တစ်ရွာတည်းနေသူ ဦးညိုဇံအောင်က “ သူ့က ရွာမြောက်ဖက်က လယ်ကွင်းကို နွားကျောင်းဖို့ထွက်သွားတယ်။ အဲဒီနားမှာ ကုက္ကိုလ်ပင်၊ ညောင်ပင်နှင့် ဝါးရုံတောတွေရှိတယ်။ သူ့က ကုက္ကိုလ်ပင်အောက်ကို ဝင်ထိုင်တဲ့အခါ ပေါက်ကွဲတယ်လို့ ပြောတယ်။ ဒဏ်ရာရတာကတော့ ခြေထောက်နှစ်ဖက်လုံး ပြတ်လုမတတ် ဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။

ယခုမိုင်းပေါက်ကွဲသည့် နေရာအနီးတစ်ဝိုက်တွင် တိုက်ပွဲဖြစ်ပွားမှု တစ်စုံတစ်ရာမရှိကြောင်းနှင့် ယခင်က မိုင်းပေါက်ကွဲမှုများလည်း မရှိခဲ့ကြောင့် ၎င်းက ဆက်လက်ပြောကြားသည်။

ရသေ့တောင်မြို့နယ်မှ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ကိုဘက္ကာက“ သူ့က ဖြစ်ကတည်းကနေ ဒဏ်ရာကတော်တော်များတယ်။ စစ်တွေကို သွားဖို့အတွက် ICRC speed boat ရောက်နေတဲ့အတွက် သူတို့ကို အကူညီတောင်းတယ်။ သူတို့မှာလည်း အထက်ကို အဆင့်ဆင့် တင်နေရတာနဲ့ အချိန် ကြန့်ကြာသွားတယ်။ ကျနော်တို့ကလည်း ဒီအတိုင်းဆိုရင် ဖြစ်မှာမဟုတ်တော့ဘူး။ ဒါကြောင့် စက်လှေငှားပြီး စစ်တွေကိုလာတယ်။ နယ်မြေဒေသမတည်ငြိမ်တဲ့အတွက် ကားလမ်းလည်းသွားလို့ မရဘူး။ စစ်တွေဆေးရုံကို ရောက်တဲ့အချိန်မှာလည်း အချိန်ကြန့်ကြာမှုတွေရှိတယ်။ ဒီနေ့ မနက်မှာတော့ စစ်တွေဆေးရုံကြီးမှာ သေဆုံးသွားပါတယ်” ဟုပြောသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းကို ရသေ့တောင်မြို့မှာ သင်္ဂြိုလ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မိုင်းပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်၊ အစိုးရအဖွဲ့ရဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းအား ဇူလိုင် ၈ ရက်ညနေ ၈ နာရီခန့်က ဆက်သွယ်မေးမြန်းစဉ် သူ့အနေဖြင့် အဆိုပါ ဖြစ်စဉ်အား မသိသေးကြောင်း ဖြေကြားခဲ့သည်။

ဓာတ်ပုံ - (AA Info Desk / စိမ်းညှင်းဝကျေးရွာအား စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ပျက် စီးသွားသည့် နေအိမ်တစ်ဆောင်ကို တွေ့ရစဉ်။)
August 27, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်၊ မီးဇာကျေးရွာကို စစ်အုပ်စုတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...
August 26, 2026
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရိုးတောင်ကျော်လမ်းရှိ သဖန်ရောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်တွင်...
ဓာတ်ပုံ - (RFA / ပုံဟောင်း)
August 26, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဆင်ကူးလမ်းရပ်ကွက်ရှိ ဆင်ကူးလမ်းကျောင်း စစ်ဘေးရှောင်စခန်း တာဝန်ခံကို...
ဓာတ်ပုံ - JIM
August 25, 2026
မလေးရှားနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ရွှေ့ပြောင်းလုပ်သား အများအပြားမှာ...