တောင်ကျချောင်းရေ ၅ပေ မြင့်တက်လာသဖြင့် မြေပုံ ရက်ချောင်းစစ်ဘေးရှောင်စခန်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ

တောင်ကျချောင်းရေ ၅ပေ မြင့်တက်လာသဖြင့် မြေပုံ ရက်ချောင်းစစ်ဘေးရှောင်စခန်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရ

အိမ်စိုးဖြူ — မြေပုံမြို့နယ် ရက်ချောင်းစစ်ဘေးရှောင်စခန်းထဲ တောင်ကျရေ ၅ပေ နီးပါးအမြင့်ထိ တက်လာသဖြင့် စခန်းတစ်ခုလုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်ဟု သတင်းရရှိသည်။

ဇူလိုင် ၅ ရက် နေ့လယ် ၂ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ည ၁၁ နာရီခန့်တွင် တောင်ကျချောင်းရေ ၅ ပေနီးပါးထိ မြင့်တက်လာသဖြင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များအပါအဝင် စခန်းတစ်ခုလုံး ထွက်ပြေးခဲ့ရကြောင်း စခန်းတာဝန်ရှိသူ မြတန်ဆောင်းဆရာတော်က နိရဉ္စရာသတင်းဌာနအား မိန့်သည်။

“ ရေတက်လာတော့ ည ၆ နာရီနာရီလောက်မှာ အခြေနေမဟန်လို့ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို ဘေးလွတ်ရာကိုပို့တယ်။ လေးတောင်ရွာထဲကိုပြောင်းပြေးကြတယ်။ ည ၁၁ နာရီလောက်မှာ ရေက လေးပေကျော်ငါးပေနီးပါးအထိတက်လာတော့ စခန်းတစ်ခုလုံးအကုန်ပြောင်းပြေးရတယ်” ဟု ဆရာတော်က မိန့်သည်။

၎င်းစစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာများ ရေအောက်ပါသွားသဖြင့် ပျက်စီးခဲ့သူများရှိပြီး ယနေ့ နံနက်တွင် ရေကျသွား၍ သန့်ရှင်းရေးများလုပ်နေရကြောင်း ၎င်းက ဆက်မိန့်သည်။

“ရိက္ခာတွေကျန်ခဲ့တဲ့လူတွေ လည်းရှိတော့ အကုန်ပျက်စီးကုန်တယ်။ ဒီနေ့မနက်ရေကျတော့ ကြမ်းခင်းတွေ ဆေးနေကြတယ်။ ဦးဇင်းကတော့ ရေတက်လာရင်မနစ်အောင် နေဖို့အိမ်တွေ အမြင့်ဆောက်လုပ်ပေးချင်တယ်။ အကူညီတွေပေးကြဖို့လည်း တိုက်တွန်းချင်တယ်”ဟု ဦးဇင်းက ဆက်မိန့်သည်။

၎င်းစစ်ဘေးရှောင်စခန်းရှိ ဒေါ်မသိန်းစိန်ကလည်း ရေတက်လာသဖြင့် အဝတ်အစားများ နှင့် စားနပ်ရိက္ခာများ ပျက်စီးခဲ့ပြီး လူများမှာဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်းပြောသည်။

“အားလုံးပြေးရတယ်။ အိမ်တွေလည်းအကုန်နစ်သွားတယ်။ငါးပေလောက်တက်တယ်။ အဝတ်တွေ စားနပ်ရိက္ခာတွေ မြုပ်သွားတယ်” ဟုပြောသည်။

၎င်းစစ်ဘေးရှောင်စခန်းတွင် လွန်ခဲ့သည့် ဇွန်လ ၁၇ ရက်နေ့က ယခုကဲ့သို့ ရေပြည့်ခဲ့သဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်။

ရက်ချောင်းစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၄၁၇ ဦးနေထိုင်လျက်ရှိကြောင်း သိရသည်။

April 20, 2026
ကျော်သီဟ — ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာကို အကြမ်းဖက်စစ်‌ကော်မရှင်လေတပ်က ဧပြီ (...
April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...