အသက် ၅ နှစ်အရွယ် မြန်မာ မိန်းကလေးငယ် မုဒိမ်းကျင့် အသတ်ခံရ

အသက် ၅ နှစ်အရွယ် မြန်မာ မိန်းကလေးငယ် မုဒိမ်းကျင့် အသတ်ခံရ

ထိုင်းနိုင်ငံ တပ်ခရိုင်အတွင်းရှိ တောအုပ်တစ်ခုအတွင်း၌ အဓမ္မပြုကျင့်ကာ သတ်ဖြတ်ခံထားရသော အသက် ငါးနှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး၏ ရုပ်အလောင်းကို စနေနေ့ ဇူလိုင်လ ၄ ရက်နေ့က တွေ့ရှိခဲ့သည်။

သတင်းပေးပို့ချက်အရ ရဲများက မဲဆောက်မြို့နယ်ရှိ မူဟဂျီရန်းအရပ်သို့ သွားစစ်ဆေးရာတွင် လက်နှင့်ခြေများကို ကြိုးနှင့်တုတ်နှောင်ကာ အဝတ်များဆုတ်ဖြဲခံထားရသည့် မိန်းကလေးငယ်၏ ရုပ်အလောင်းကို ရှာဖွေတွေ့ကြခြင်းဖြစ်သည်။

မိန်းကလေးငယ်သည်  မုဒိမ်းကျင့်ခံရပြီးနောက် အသတ်ခံခဲ့ရသည်ဟု ရဲက ယူဆထားသည်။ မှုခင်းရဲတပ်ဖွဲ့က ဓာတုဗေဒဓာတ်ခွဲစစ်ဆေးအဖြေများ စောင့်ဆိုင်းနေဆဲချိန်တွင် မသင်္ကာဖွယ်ရာ လူသုံးဦးကို ဖမ်းဆီးထိန်းသိမ်းထားသည်။

မဲဆောက်ဆေးရုံကတော့ မိန်းကလေးငယ်သည် ကိုယ်တွင်းအနာတရဖြစ်မှုခံစားခဲ့ရပြီး သွေးထွက်လွန်ခဲ့သည်ဟု အတည်ပြုပြောဆိုထားသည်။ သူမ၏ ပါးစပ်အတွင်း ထိုးထဲ့ခံထားရသော အဝတ်စအပိုင်းတစ်ခုကိုလည်း ဆရာဝန်များက တွေ့ရှိထားသည်။

လူဦးရေ ၁၀၀ ခန့်ရှိ ရပ်ကွက်လေးတွင်တော့ ကလေးငယ် မုဒိမ်းကျင့်ခံရသည့်သတင်းကြောင့် တုန်လှုပ်နေကြသည်။ သူတို့အဆိုအရ မိန်းကလေးငယ်သည် ဇူလိုင် ၃ ရက်နေ့ ည ၇ နာရီဝန်းကျင်တွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကာ နောက်တစ်နေ့နံနက်မှ ရှာတွေ့ခြင်းဖြစ်သည်။

 

ခြံဝန်းအတွင်း မိန်းကလေးငယ်တစ်ယောက်တည်းဆော့ကစားနေစဉ် အမျိုးသားတစ်ယောက်က ခေါ်ဆောင်သွားသည်ကို မြင်တွေ့လိုက်ရကြောင်း မျက်မြင်သက်သေများက ပြောကြသည်။ အဆိုပါအမျိုးသားသည် မြန်မာနိုင်ငံတွင်နေခဲ့စဉ်က မုဒိမ်းမှုကျူးလွန်ခဲ့သောကြောင့် ထောင် ခုနှစ်နှစ် ကျခံရဖူးကြောင်း စုံစမ်းသိရှိရသည်။

ဓါတ်ပုံ - (ပေးပို့ / Crd)
August 22, 2026
ရက်ဆက် မိုးရွာသွန်းမှုများကြောင့် တောင်ကျရေစီးဆင်းမှုများပြီး မွန်ပြည်နယ်နှင့်...
(ဓာတ်ပုံ – CJ)
August 21, 2026
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ရှိ တရုတ်နိုင်ငံသားပိုင် Myanmar Silver Spring...
အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များ တွေ့ဆုံပွဲမြင်ကွင်း။
August 21, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုက်ဇောလ်မြို့တွင် ချင်းတော်လှန်ရေးအဖွဲ့များအကြား...
ဘီးလင်းတံတား စစ်ဆေးရေးဂိတ်ရှိ အဆောက်အအုံတစ်ခု / YT
August 20, 2026
မွန်ပြည်၊ ကျိုက်ထိုမြို့နယ်အတွင်း ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်၌ စစ်အုပ်စုတပ်က...